17

2K 212 16
                                    

(ZAWGYI VERSION)

MAIN 17 -28/10/2022-

ဝိန့်ဖုခိုင်ကလည်း ပေါ့သေးသေးမဟုတ်သလို သူမဘက်ကလည်း လုပ်ပိုင်ခွင့်ကရှောင်းကျန့်လောက်မဟုတ်ပေမဲ့ရှောင်းကျန့်နီးပါးလောက်ရှိသည်။ မြေပုံက ဘာကိုညွှန်ပြထားသလဲဆိုတာကို သူတို့သိပြီးသွားပြီးနောက်မှာတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ဆီကိုချက်ချင်းအကြောင်းကြားလို့ သတင်းပေးတော့၏။

" ရတနာတွေရှိတဲ့နေရာဆိုရင်တော့ တော်တော်လေးကိုမိုက်တာပဲ။ဒါပေမဲ့ ဘယ်နေရာကနေစတာလဲ ငါတို့မှမသိသေးဘဲ ၊ မြေပုံထဲမှာလဲ ဘာစာမှမပါသလို ညွှန်ပြထားတဲ့လမ်းကြောင်းလောက်ပဲပါတာ"

" ဘာပဲဖြစ်ဖြစ် ရတနာတွေရှိတဲ့နေရာဆိုကတည်းက ငါ့ဆုံးဖြတ်ချက်က ခိုင်မာသွားပြီ"

မျက်လုံးတစ်ဖက်မှိတ်ရင်း ရှောင်းကျန့်ကပြောလာတော့ ဝမ်ရိပေါ်က ခေါင်းခါကာ အဖြေမပေါ်သေးသော မြေပုံကိုသာ အာရုံစိုက်သည်။နဂိုကတည်းက ရှောင်းကျန့်ဆိုတာ ငွေမက်သူတစ်ယောက်ဖြစ်သည်မို့ ယခုလို ရတနာရှိသည့်နေရာကိုလည်း ရအောင်သွားမှာသေချာသလောက်ရှိသည်ကို ဝမ်ရိပေါ်နားလည်ထားသည်။

"ဘယ်နေရာကိုသွားရမလဲဆိုတာလိုတယ်။ဘယ်နေရာမှာမြေပုံစမလဲဆိုတာကို မင်းသိအောင်အရင်လုပ်ဦး"

"ငါ့ကိုပဲမပြောနဲ့ ၊ မင်းလဲ နည်းနည်းပါးပါးလောက်တော့စုံစမ်းပေးသင့်တယ်မဟုတ်ဘူးလား"

"သိတယ်၊ဒါပေမဲ့ တခြားဘယ်သူ့ကိုမှမပြောသေးဘဲ ကိုယ်တိုင်စုံစမ်းတာကပိုပြီးအဆင်ပြေတာမဟုတ်ဘူးလား?"

" သေချာပေါက် ငါတို့တွေ့မှာပဲ"

ဆိုဖာကိုမှီထိုင်လို့ယုံကြည်ချက်ပြည့်ဝနေသည့်ရှောင်းကျန့်က ခိုင်ခိုင်မာမာဆိုလိုက်ရင်း အသိအာရုံတို့ကလည်း အပြေးအလွှားစဉ်းစားနေသေးသည်။ ဒီအကြောင်းက ဝိန့်ဖုခိုင်ကိုဆက်မေးကြည့်လည်း သူမသိတော့မှာမဟုတ်သလို ရှေးဟောင်းစာအုပ်ကြီးတွေရှာပြီးဖတ်ရအောင်လည်းရှောင်းကျန့်အဲ့သလောက်ထိအချိန်မပေးနိုင်တော့။

"ဘာလဲ စိတ်ဓာတ်ကျနေတာလား?"

ခပ်ဟဟရယ်လျက်မေးလာသည့် ဝမ်ရိပေါ်က ပေါ့ပေါ့ပါးပါးပဲဖြစ်ပြီး ရတနာမြေပုံအကြောင်းကိုလည်း အာရုံထဲရှိပုံမပေါ်သလို သူ၏ အကြည့်တို့က ရှောင်းကျန့်တစ်ယောက်တည်းကိုသာ ရောက်ရှိလို့နေ၏။

MAINWhere stories live. Discover now