19

1.6K 166 14
                                    

(ZAWGYI VERSION)
  
MAIN 19 -1/11/2022-

နှစ်ယောက်စလုံးက လူသိများသည့် ဒိတ်ဒိတ်ကြဲတြွေဖစ်တာကြောင့် အခြေအနေအားလုံးတည်ငြိမ်ဖို့အတွက် အတော်လေးကို စောင့်ဆိုင်းယူရသည်။၈လလောက်ကြာသည့်အခါမှာတော့ ဝမ်ရိပေါ်၏ သတင်းကလည်း စစချင်းလောက်တော့ပွက်လောမရိုက်တော့ဘဲ အနည်းငယ်တည်ငြိမ်သွားသလို ရှောင်းကျန့်၏အလုပ်ကိစ္စကလည်း စစ်ချန်နှင့်လွှဲထားလို့တောင်ရနေပြီဖြစ်သည်။

ဒီကြားထဲလည်း ရှောင်းကျန့်က ဝမ်ရိပေါ်နှင့်အတူသွားနေတတ်ပြီး လူအများ သံသဃမဝင်အောင်လို့ ရှုဟိုင်နှင့်စစ်ချန်ကလည်း ဘေးနားကနေအမြဲတမ်းပါကာ ကွန်ဒိုတွင်လည်း သူတို့၎င်းယောက်အတူတူနေတော့ သတင်းထွက်စရာအကြောင်းလည်းမရှိ။ ပုံမှန်တိုင်းသာနေသည့် ဝမ်ရိပေါ်ကြောင့်လည်း စုံစမ်းနေသည့် သတင်းသမားတချို့ဆို လက်လျော့သွားပြီး တခြားသောကြယ်ပွင့်လေးများဆီသို့ရောက်ရှိနေပြီဖြစ်သောကြောင့် သူတို့အတွက် အခွင့်အရေးက ရရှိလာတော့သည်။

" မနက်ဖြန်ကျရင် ငါတို့ ခရီးသွားစရာရှိတယ်၊မင်းတို့နှစ်ယောက်ကတော့ နေခဲ့ရမယ်"

"ဝမ်လောင်ရှီး တကယ်ကြီးလား ၊ ပေါ်တင်ကြီးထွက်တော့မယ်ပေါ့"

"ဘာကိုလဲ?"

"ဟန်းနီးမွန်းလေ"

စစ်ချန်က တအံ့တသြဖြစ်နေပေမဲ့လည်း ဆရာသမားအကြောင်းသိနေသည့် ရှုဟိုင်ကတော့ အေးအေးဆေးဆေး။

" အေး အဲ့လိုလဲပြောလို့ရတယ်။ ဒါပေမဲ့ ဒီတိုင်းအပျင်းပြေခရီးထွက်တာပဲ ၊ ဟန်းနီးမွန်းလောက်လဲမဟုတ်ပါဘူး"

"ဘယ်ကိုလဲ?"

"ပြင်သစ်"

"ဝိုး ....မိုက်တယ်"

အားကျနေသည့် စစ်ချန်ကတော့ တဝိုးဝိုးဖြစ်နေတော့ လိမ်ညာနေသည့် ဝမ်ရိပေါ်က ပြုံးစိစိသာဖြစ်နေတော့၏။ တကယ်ဆို သူတို့သွားရမဲ့ခရီးက ပြန်လာလို့ရပါ့မလားလဲမသိ။ ဟိုရောက်ရင် ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း မသိ။ မခန့်မသင့်ရင် ဂျေးအောင်းနိုင်သလို အဆိုးဆုံးအနေကတော့ အသက်တောင်ဆုံးရှုံးနိုင်ပေမဲ့လည်း စွန့်စားမှုအား နှစ်သက်သည့် ဝမ်ရိပေါ်ကတော့ ငွေမက်သည့်ရှောင်းကျန့်လိုပဲ နောက်ဆုတ်ဖို့စိတ်ကူးမရှိပေ။

MAINWhere stories live. Discover now