(ZAWGYI VERSION)
ရှောင်းကျန့်ရောက်တော့ နေရိပ်ထဲရှိ ထိုင်ခုံမှာထိုင်နေသော ဝိန့်ဖုခိုင်ကို မြင်လိုက်ရသည်။သူမက နေကာမျက်မှန်အနက်ကိုတပ်ထားပြီး Style pant နှင့် ကုတ်အပြာရောင်ကိုလည်း ထပ်ဝတ်ထားသေးသည်။ဝိန့်လုပ်ငန်းစု၏ တစ်ဦးတည်းသော ဆက်ဆံသူဖြစ်တာမို့ သူမ၏ အရည်အချင်းက မသေးသလို အနည်းငယ်မော်ကြွားဟန်ကလည်းရှိတာကို ရှောင်းကျန့်ကြည့်တာနဲ့သိသည်။" ထင်ထားတာထက် ၂မိနစ်ပိုနောက်ကျနေတယ်"
"ကျွန်တော့်ဘက်ကအမှားမို့ ဝိန့်သခင်မလေးပြောတာကိုခံရတော့မှာပဲ"
ဝိန့်ဖုခိုင်က ကြော့ကြော့မော့မော့ဟန်နဲ့ ဆိုလာပြီးပြောလာတာမို့ ရှောင်းကျန့်စိတ်ထဲ ထင့်သွားပေမဲ့လည်း အလုပ်ကိစ္စတွေက ရှိသေးတာကြောင့် စိတ်ခံစားချက်အား ရှေ့တန်းမတင်တော့ဘဲ အပြုံးလေးနဲ့သာဖြေရှင်းလိုက်တော့သည်။
" သူဌေးရှောင်းကျန့်က ထင်ထားတာထက်ပိုပြီးသဘောကောင်းနေပါ့လား၊ကြားရတဲ့သတင်းတွေထက်တောင်ပိုပြီး ပြည့်စုံနေသေးတယ်"
"ဘာသတင်းတွေများကြားထားလို့လဲ?"
"အပြုံးလေးနဲ့ တစ်ဖက်သားကို စိတ်မကွက်အောင်ပြောဆိုတတ်သလို စကားပြောကြွယ်လို့လဲ မိန်းကလေးတွေရဲ့စံပြအမျိုးသားလေးဖြစ်နေတယ်ဆိုတာတွေရော"
အပြုံးစစဖြင့် နာမည်ကြီးအိတ်ကိုလက်မှာကိုင်ရင်း ရှေ့တိုးလာတဲ့သူမက ချောမောလှတာကိုတော့ ရှောင်းကျန့်မငြင်းပါ။ တကယ်တမ်းလည်းသူမက ချောမောပြီးထက်မြက်တဲ့မိန်းမသားတစ်ယောက်ဆိုတာ ကြည့်တာနဲ့သိထားပြီးပေမဲ့ ရှောင်းကျန့်ကတော့ ရေလိုက်ငါးလိုက်အခြေအနေကိုသာဖန်တီးလိုက်သည်။
"ဝိန့်သခင်မလေးက ကျွန်တော့်အကြောင်းကို စုံစမ်းထားသလိုပါပဲလား"
"သူဌေးရှောင်းကျန့်ရဲ့သတင်းစကားတွေက နေရာတိုင်းမှာမွှေးလို့ကြိုင်လို့ပဲကို"
"သခင်မလေးကိုတော့မမှီပါဘူးဗျာ"
ခပ်စစရယ်ရင်း ခေါင်းညိတ်လာတဲ့သူမကို အရေမရအဖက်မရ စကားတွေဆက်မပြောချင်တော့တာမို့ ဝန်းထဲဝင်လာရင်း မြေကွက်ဆီကိုသာ ဦးတည်လိုက်တော့သည်။ အထဲဝင်လာတဲ့တလျောက်မှာလည်း ဆိုက်ထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့မျက်လုံးက သူတို့နှစ်ယောက်ဆီကိုကျရောက်ပြီးသား။