(ZAWGYI VERSION)
MAIN 18 -30/10/2022-" ထင်သလောက်မလွယ်ဘူးနော် ရှောင်းကျန့်၊မင်းလုပ်မဲ့ကိစ္စက ရာဇဝတ်မှုမြောက်တယ်"
"အေးဆေး"
"သေချာတွေးကြည့်ဦး ၊ အကယ်၍ သူတို့မိသွားရင် မင်းဘဝတလျောက်လုံးသွားပြီ"
"အေးဆေးပါဆို ၊ ငါ ဆုံးဖြတ်ပြီးပြီမို့ မင်းထပ်မပြောနဲ့တော့ "
အားလုံးသေချာဆွေးနွေးပြီးသည့်နောက်မှာတော့ မြေပုံ၏ တည်နေရာက ရှီးအန်းမြို့မှာဆိုတာကို သူတို့သိလိုက်ရပြီးနောက် ရတနာတွေကို မက်မောနေသည့်ရှောင်းကျန့်ကလည်း ချင်ရွှီးဟွမ်၏ ဂူဗိမာန်ကို ဖောက်ရန် တွေးတောနေတော့ ဝမ်ရိပေါ်မှာ ပြဿနာဖြစ်မည်စိုးတာကြောင့် တားဆီးရပြန်၏။
" တအားငွေမက်တာပဲလား?"
"မင်းသိရဲ့သားနဲ့မေးမနေနဲ့ ၊ ငါ့ဘဝကြီးက စီးပွားရေးကိစ္စတွေနဲ့ကျင်လည်နေတာ ဒီတိုင်းဆက်နေရင် ပျင်းလွန်းလို့သေသွားနိုင်တယ်"
"အဲ့တာနဲ့ ဖောက်ထွင်းရေးသမားလုပ်တော့မယ်ပေါ့"
"ငါ့အစီအစဉ် မမိုက်ဘူးလား?"
အတွင်တွင်တားဆီးနေသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာခပ်ဟဟရယ်ရင်း မျက်နှာပိုးသတ်မရဖြစ်နေပြီး ရေဆေးပြီးသားဖြစ်သည့်နီရဲရဲပန်းသီးတစ်လုံးကိုလည်း အားပါးတရကိုက်စားနေသေးသည်။
"ငါ့ကိုကျတော့ တားနေတယ်။မင်းကျတော့ရော ဟမ်!"
"......."
"အနုပညာပြီးရင် မင်းမှာ လျှို့ဝှက်ထားတဲ့ဝါသနာတစ်ခုရှိတယ်မလား"
"ရှောင်းကျန့်"
နှစ်ပေါင်းများစွာ အတူတူရှိလာပြီး တစ်ယောက်အကြောင်းတစ်ယောက်သိတာကြောင်ဝမ်ရိပေါ်အကြောင်းကိုလည်း ရှောင်းကျန့်နားလည်သဘောပေါက်သည်။
"မင်းမှာ တရားမဝင်ကိစ္စတွေလုပ်ရတာကို သဘောကျတယ်မလား စွန့်စားချင်သူကြီးရဲ့"
အနားလာရင်း ခပ်တိုးတိုးဆိုလာတဲ့ရှောင်းကျန့်ရဲ့စကားသံကြောင့် ဝမ်ရိပေါ်ကမျက်မှောင်ကြုတ်လိုက်ပြီး လာကပ်နေသည့် ခြေထောက်ရှည်ရှည်ကြီးကိုလည်း အသာတွန်းကန်လိုက်သေးသည်။
