14

1.8K 216 12
                                    

(ZAWGYI VERSION)

MAIN 14 -25/10/2022-

လွန်ခဲ့သောရက်က ပြင်းထန်သော လေမုန်တိုင်းက ရုတ်တရက်ဝင်လာတာကြောင့် အားလုံးပြင်ဆင်ချိန်မရလိုက်ဘဲ အပျက်အစီးများသောအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။ လမ်းပေါ်မှာ ရေကျော်တာတွေ၊ သစ်ပင်တွေလဲပြီး ရက်အတ်ာကြာအောင် ကယ်ဆယ်ရေးသမားတွေက ဖယ်ရှားပေးမှပဲ အားလုံးအဆင်ပြေတော့သည်။

ရှောင်းကျန့်၏ အသစ်ဖွင့်လိုက်သည့် Hotel မှာလည်း အားလုံးအဆင်ပြေသလို အခက်အခဲလည်းမရှိတာကြောင့် အရာအားလုံကတော့ ထုံးစံအတိုင်း သူ့တာဝန်နှင့်သူလည်ပတ်နေသည်။

"ကားထုတ်လိုက်တော့ ၊ သွားမယ်"

"ဟုတ်ကဲ့"

ရှောင်းကျန့်၏ စကားဆုံးသည်နှင့်စစ်ချန်က ကားကိုထုတ်ကာ company သို့သွားရန်အဆင်ပြင်ပြီး အိမ်ရှေ့တွင်စောင့်နေသည်။ ကားပေါ်တက်ပြီးသည်နှင့် အိမ်ထဲကမောင်းထွက်လိုက်စဉ်မှာပဲ ခြံရှေ့တွင်ရပ်နေသည့်အမျိုးသမီးတစ်ယောက်ကြောင့် ကားမှန်ကနေကြည့်ရင်းသူမျက်မှောင်ကြုတ်ကာ ကားကိုရပ်လိုက်တော့ စစ်ချန်က အရှိန်လျော့ရင်း ကားကိုရပ်ပေးလာသည်။

"သူဌေး"

"ဟိုအမျိုးသမီးကဘာလို့အိမ်ရှေ့မှာရပ်နေတာလဲ့?"

"ကျွန်တော်ဆင်းပြီးမေးကြည့်လိုက်မယ်"

ရှောင်းကျန့်က ခေါင်းညိတ်ပြသည်နှင့်စစ်ချန်ကကားပေါ်ကနေဆင်းသွားပြီး အသက်ခပ်လက်လက်အရွယ်ရှိသည့် ထိုအမျိုးသမီးကိုစကားသွားပြောလေသည်။ သိပ်မကြာခင် စစ်ချန်ပြန်လာပြီး ကားပေါ်တောင်မတတ်ဘဲ ရှောင်းကျန့်၏ ဘေးပြူတင်းပေါက်နားကိုရောက်လာသည်။

"သူဌေးနဲ့တွေ့ပြီး စကားပြောချင်တယ်လို့ပြောတယ်။ကြည့်ရတာ သူက သူဌေးနဲ့သိဖူးတယ်ထင်တယ်"

"သူမက?"

"တစ်ခေါက်တွေ့ဖူးသလို စကားလဲပြောဖူးတယ်တဲ့။အရေးကြီးတာမို့ ခဏလောက်စကားပြောဖွင့်ပေးပါပဲပြောနေတယ်"

စစ်ချန်၏စကားကြောင့် ခေါင်းကိုစောင်းကာ ရပ်နေသည့် အမျိုးသမီးကိုကြည့်တော့လည်းရှောင်းကျန့်စိတ်ထဲဇဝေဇဝါဖြစ်မိပြန်သည်။မြင်ဖူးသည့်ရုပ်လည်းမဟုတ်၊ရင်းနှီးတာလည်းမဟုတ်။တစ်ခေါက်လောက်စကားပြောဖူးတယ်ဆိုပေမဲ့လည်း သူ့လိုစီးပွားရေးသမားတစ်ယောက်က လူထောင်ပေါင်းများစွာနှင့်ပေါင်းသင်းဆက်ဆံဖူးတာမို့ မျက်မှောင်ကြုတ်ရင်း ထိုအမျိုးသမီးကို စကားပြောဖို့အနားခေါ်လိုက်တော့ သူမက ပြုံးရွှင်သွားပြီး အနားကိုရောက်လာတော့သည်။

MAINOnde histórias criam vida. Descubra agora