ဝေဝါးနေတဲ့နေရာတစ်ခုကို စမ်းတဝါးဝါးလျှောက်လာခဲ့ပြီး ဖျတ်ခနဲအသိစိတ်ဝင်လာလို့ မျက်လုံးဖွင့်ကြည့်မိလိုက်တဲ့အချိန် သူမ အဆောက်အဦးပျက်ကြီးတစ်ခုထဲကို ရောက်နှင့်နေတယ် ။
အော်ဟစ်အကူအညီတောင်းဖို့လုပ်လိုက်ပေမဲ့ ပါးစပ်က ဘာအသံမှထွက်မလာ ။ လေးဘက်လေးတန် မှောင်မဲနေတယ် ။ မနှစ်မြို့စရာခံစားချက်နဲ့ ထိတ်လန့်မှုက သူမဆီ တိုက်ရိုက်တိုးဝင်လာတယ် ။
ဒါပေမဲ့ ရုတ်တရက် သူမရှေ့ တစ်ယောက်ယောက်ရောက်လာတယ် ။
တပြိုင်နက် အဲ့ဒီလူက သူမနဖူးတည့်တည့်ကို သူ့ရဲ့ စုသိမ်းထားတဲ့ယပ်တောင်ဖျားနဲ့ တစ်ချက်ဖိချလိုက်တယ် ။
အဲ့ဒီနောက် အာရုံတွေရီဝေလာပြီး ယပ်တောင်ထိပ်ကအလင်းတန်းလေးတစ်ခုက သူမခေါင်းထဲ တိုးဝင်သွားတယ် ။
• • • • •
" အွန်? "
ဝမ်ရိပေါ် နိုးလာတာနဲ့ သူ့အိပ်ရာဘေးမှာ ရှောင်းကျန့်ကို တွေ့လိုက်ရတယ် ။
" ရိပေါ် နိုးပြီလား "
" အွန်း~ ဘယ်ချိန်ကတည်းက ရောက်နေတာလဲ ၊
ကိုယ့်ကို နှိုးလိုက်ရောပေါ့ "" မဟုတ်ပါဘူး.. အိပ်ပျော်နေတာလေး ကြည့်ကောင်းလို့ "
မနက်ခင်းတည်းက ချစ်သူရဲ့စကားချိုချိုလေးတွေကြောင့် ဝမ်ရိပေါ် ပြုံးလိုက်တယ် ။ ဘေးကကိုယ်လေးကို ကုတင်ပေါ်ဆွဲချလိုက်တဲ့အခါ သူ့ဆီအလိုက်သင့်လေးပါလာတယ် ။
နောက်ကနေပွေ့ဖက်လို့ လည်တိုင်ထဲ ခေါင်းနှစ်လိုက်တယ် ။ ခါတိုင်း ဒီအခြေအနေဆို သေချာပေါက်ရုန်းကန်လာပြီဆိုပေမဲ့ ဒီနေ့တော့ ရှောင်းကျန့်က ထိုအနမ်းကို ငြိမ်ငြိမ်လေးပဲခံယူနေတယ် ။
" ဒီနေ့ ငါတို့ကျန့်ကျန့်လေး စိတ်အခြေအနေကောင်းနေတာလား "
" အဟင်း.." သူ့အပြောကို ရှောင်းကျန့်က တိုးတိုးလေးရယ်တယ် ။
" ဒါပေမဲ့ ထူးဆန်းနေသလိုပဲ "
" ဘာလို့လဲ ၊ သဘောမကျဘူးလား "
" ဟင့်အင်း.. မင်းနဲ့ပက်သက်ရင်အကုန်
သဘောမကျဘူးဆိုတာ မရှိဘူး "
YOU ARE READING
The Spirit [ Edited ]