Final

1.6K 106 3
                                    

မိဘုရားရဲ့ စျာပနပွဲကျင်းပပြီးတဲ့နောက် ဖမ်းဆီးထားတဲ့အပြစ်သားတွေကို ကွပ်မျက်ခြင်း စတင်တယ် ။

နန်းရင်ပြင်မှာ အပြစ်သားတွေကိုကြိုးစင်တင်နေတဲ့မြင်ကွင်းကို ပလ္လင်ပေါ်ထိုင်ကြည့်ကာ အခွံလွတ်တစ်ခုလိုရှိနေတဲ့ဘုရင်ဟာလည်း ဒီအတောအတွင်း တော်တော်လေးပိန်ကျသွားတယ် ။ အနည်းငယ်ဖြူဖျော့ချင်နေတဲ့မျက်နှာနုနုမှာ မာန်အပြည့်ရှိနေတုန်းပေမဲ့ အရင်ကလောက်မပြင်းထန်တော့ကာ အားနည်းနေသလိုဖြစ်တယ် ။

မကြာခင်ဆောင်းရာသီပြီးဆုံးတော့မှာမို့ နွေဦးအငွေ့အသက်တွေနေရာတိုင်း ပျံ့လွင့်နေတယ် ။ သွေးညှီနံ့ထနေတဲ့ပတ်ဝန်းကျင်မျိုးနဲ့ မလိုက်ဖက်စွာ ဆောင်းပန်းတချို့ နွေဦးလေနဲ့ကြွေလွင့်နေတယ် ။

ဘုရင်ဟာ သူပြောတဲ့အတိုင်း ဖြစ်အောင်လုပ်ခဲ့တယ် ။

ချောင်တစ်အိမ်လုံးကို ခေါင်းဖြတ်သတ်လို့ ယွီမျိုးနွယ်ကိုလည်း သစ္စာဖောက်မျိုးဆက်အဖြစ် အမိန့်စာပြန်လိုက်ပြီး တစ်မျိုးလုံးကို အပြုတ်ဖြုတ်စေတယ် ။ ထိုနတ်ဆရာမကိုလည်း ကွပ်မျက်လိုက်ကာ အဲ့ဒီ 'ထောင်'နတ်ဆရာတစ်မျိုးလုံးကိုလည်း အမြစ်မကျန် ရှင်းလင်းလိုက်တယ် ။

ယွီကုန်းကုန်းကတော့ မိသားစုတွေ သူ့ရှေ့သတ်ခံရတဲ့နေ့မှာတင်ပဲ လျှာကိုက်သေဖို့ကြိုးစားခဲ့ကာ..တားဆီးခံရပြီး ချောင်အမတ်ချုပ်ကြီးခေါင်းပြတ်သွားတဲ့နေ့မှာတော့ ထောင်နံရံကို ခေါင်းနဲ့မသေမချင်းတိုက်ချကာ သတ်သေသွားခဲ့တယ် ။ ဒါပေမဲ့ အခဲမကျေနိုင်တဲ့ဘုရင်ဟာ တားမြစ်ထားတဲ့ အစီအရင်အတတ်ကိုသုံးစေပြီး ဝိဉာဥ်ကိုအလွတ်မပေးဘဲ ချုပ်နှောင်ထားတယ် ။

နောက်ပြီး မိဘုရားအဆောင်ကို မီးရှို့တဲ့အမှုကြောင့် အမတ်တွေက ရှောင်းကျန့်ကို အပြစ်ပေးဖို့ ဖိအားပေးပြောဆိုကြတယ် ။

ထပ်ပြီး မရူးမိုက်နိုင်တော့တဲ့ ဘုရင်ဟာလည်း ထိုအမတ်တွေမှန်သမျှ တော်ဝင်အမိန့်ဖီဆန်မှုနဲ့ ထောင်ချပြီး ချောင်အိမ်တော်ကို ခေါင်းဖြတ်သတ်တဲ့နေရာမှာ အကြောင်းအရင်းမခိုင်လုံကြောင်း ပြောလာတဲ့အမတ်တွေကိုလည်း ရာထူးသိမ်းကာ အကုန် မြေအောက်ခန်းပို့လိုက်တယ် ။

The Spirit [ Edited ]Where stories live. Discover now