" အချိန်မီ လာခဲ့တာမှန်တယ် "
" ကွက်တိလေး လပြည့်နေ့ရောက်တော့မှာပဲ အဟားဟား "
နှာခေါင်းမှာရနေတဲ့ညှီစို့စို့အနံ့နဲ့ မသတီစရာအငွေ့အသက်တို့က နောင်တပါးပါးလေးကို စတင်လာတယ် ။
နာရေးအခမ်းအနားတွေမှာသာဝတ်တဲ့ဝတ်ရုံကို သာမန်လိုဝတ်ဆင်ထားတဲ့ သူ့ရှေ့က အမျိုးသမီးကြီးဟာ သူမရဲ့ခွက်ဝင်နေတဲ့မျက်တွင်းချိုင့်တွေ ပိုပေါ်လာတဲ့ထိ တိုးကပ်လာတယ် ။
ရှောင်းကျန့် သူ့ဘေးကို တစ်ချက်ကြည့်လိုက်တယ် ။ ယွီကုန်းကုန်းကတော့ ဘာမှစိတ်မပူဖို့ အချက်ပြလာတယ် ။
" သေချာရဲ့လား "
အဓိပ္ပာယ်တစ်ခုပါနေတဲ့ပြုံးတုံ့တုံ့အမေးမှာ တွေဝေသွားပြန်တယ် ။ ခုချိန်မှာတော့ သူ့ကိုယ့်သူ ဘာတွေလုပ်မိနေမှန်းတောင် မသိတော့အောင်ပဲ ။ ဖြစ်နိုင်တာ မိဘုရားအဆောင်ကပြန်လာတဲ့နေ့မှာတင် သူ့စိတ်တွေက ပုံမှန်အခြေအနေရှိမနေခဲ့တော့တာ ဖြစ်လောက်တယ် ။
အဲ့လိုမှမဟုတ်ရင် ယွီကုန်းကုန်းကိုခေါ် ပြီး
သူ ဒီနေရာကို ဘယ်လိုလုပ်ရောက်လာခဲ့လိမ့်မလဲ ။ဒါပေမဲ့ တစ်ချိန်တည်းမှာ သူ့မျက်လုံးတွေထဲ ပြတ်သားမှုရှိနေတယ် ။ ဒီရက်တွေအိပ်ရေးမဝခဲ့တာမို့ သူ့မျက်လုံးတွေဟာလည်း ဒီရှေ့ကနတ်ဆရာမကြီးနီးပါး ပုံပျက်နေခဲ့မယ်ထင်တယ် ။
" သေချာတယ် "
" ဘယ်လိုလုပ်ရင်ရမလဲသာ..ပြောပါ "
ရှောင်းကျန့် ပေါင်ပေါ်တင်ထားတဲ့လက်နှစ်ဖက်ကို လက်သီးဆုပ်တွေအဖြစ်ပြောင်းရင်း ခပ်မြန်မြန်ပြောလိုက်တယ် ။
ဒါပေမဲ့ တစ်ခုသတိမထားမိခဲ့တာက အဲ့ချိန်ဖြစ်နေခဲ့တဲ့သူ့ပုံစံကိုသာ မှန်ထဲကြည့်မိခဲ့မယ်ဆိုရင် သူဘယ်တုန်းကမှမတွေ့ခဲ့ဖူးတဲ့ လူသစ်တစ်ယောက်ကို တွေ့လိုက်ရမှာဖြစ်ပြီး အဲ့ဒီလူသစ်ရဲ့အကြည့်တွေက..
လုံးဝအရူးတစ်ယောက်လို ဂနာမငြိမ်ဖြစ်နေခဲ့တယ် ဆိုတာပါပဲ ။
• • • • •
နန်းတော်ထဲ အရေးကိစ္စတွေ ရှုပ်ထွေးနေတယ် ။
YOU ARE READING
The Spirit [ Edited ]