လျှိုချင်းလျန်(အမှောင်ထုနတ်ဘုရား)
ဟန်ဆောင်ကောင်းပြီး သွေးအေးရက်စက်တဲ့နေရာမှာ အခြားမရှိတဲ့ လျှိုအရှင်ဟာ ငရဲပြည်အုပ်စိုးသူရဲ့ သားတော်ဆယ်ယောက်ထဲက အငယ်ဆုံးသားတော် ၊ ပြီးတော့..နောက်ဆုံးဆက်ခံသူ ။
နောင်တစ်ချိန်မှာ အာဏာအရှိဆုံးနဲ့သြဇာအကြီးဆုံး အမှောင်ကမ္ဘာငရဲကို ကြီးကျယ်စွာအုပ်စိုးရမယ့်အရှင်သခင်လို့ အသေအချာ ဟောကိန်းထုတ်ခံထားရတဲ့ အဆင့်မြင့်နတ်ဘုရား ။
ထူးခြားတဲ့နက္ခတ်နဲ့မွေးဖွားလာတယ် ။ အရာရာမှာ သူများနဲ့မတူ ထူးချွန်ပြောင်မြောက်တယ် ။ ထိုဂုဏ်အင်တွေကြောင့်ပဲ အရှိန်အဝါနဲ့အင်အားကလည်း ဟာသမဟုတ်အောင် ကြီးမားတယ် ။ အဲ့ဒါနဲ့တိုက်ရိုက်အချိုးကျနေတဲ့ မာန်မာနလည်းပဲ သူ့မှာရှိတယ် ။
ဒါ့ကြောင့် အရွယ်ရောက်တာနဲ့အမျှ ပြီးပြည့်စုံလာတဲ့လျှိုအရှင်ဟာ ဘယ်သူမှမော်မကြည့်ရဲအောင် အားလုံးကကြောက်ရွံ့ရတဲ့ ငရဲပြည်ကအရှင်သခင်လေး ဖြစ်လာတယ် ။
ဒါပေမဲ့..
အကုန်အဆင်ပြေချောမွေ့နေတဲ့ဘဝမှာ ပထမဆုံးအနေနဲ့ အကြီးဆုံးချို့ယွင်းသွားတာတော့ သိကြတဲ့အတိုင်း နှလုံးသားရေးပေါ့ ။
လျှိုအရှင်က ရှောင်းကျန့်ကို မထင်မှတ်ဘဲတွေ့ ခဲ့တယ် ။ ကိန်းကြီးခမ်းကြီးနိုင်ပြီးမာနကြီးပါတဲ့နတ်ဘုရားဟာ ရှောင်းကျန့်ကိုတော့ဖြင့် မြင်မြင်ချင်းမှာပဲစွဲလန်းသွားခဲ့ရတာ ဖြစ်ပါရဲ့ ..။
ဖြစ်ပါရဲ့ နဲ့.. အနှီရှောင်းကျန့်ကတော့ သူ့ကို နှလုံးသားထဲမပြောနဲ့ မျက်လုံးထဲတောင်မမြင်ဘူးဆိုတဲ့အနေအထားမှာပဲ ။ အခုထိ ။
လျှိုချင်းလျန် သူ ရှောင်းကျန့်ကို စတွေ့ခဲ့တုန်းကအချိန်ကို ဘယ်တုန်းကမှ မေ့မရခဲ့ဘူး ။ အားလုံးကို အမြဲမတူသလိုမတန်သလိုဆက်ဆံနေကျနတ်ဘုရားဟာ ရှောင်းကျန့်ဆီကနေ ဝက်မောင်းသလိုမောင်းထုတ်ခံခဲ့ရတာလေ ။
သူ့ပိုင်နက်ကို သိမ်းပစ်မယ်ဆိုလို့ ငြူစူတဲ့သံအပြည့်နဲ့ ကတ်ကတ်လန်ရန်တွေ့ ခဲ့တာရော ၊ မရမှန်းသိတော့ ကလေးတစ်ယောက်လို ကျူကျူပါငိုချတော့မတတ် တောင်းပန်ခဲ့တာရော အဆစ်ပေါ့ ။
YOU ARE READING
The Spirit [ Edited ]