ခုတလော နန်းတော်ထဲမှာထွက်နေတဲ့ ကောလဟာလတစ်ခုရှိတယ် ။
ခေါင်းစဥ်ကတော့ " ရှောင်လျဲန်အဆောင် စွန့်ပစ်ခံလိုက်ရပြီ " တဲ့ ။ ပြီးတော့ အဲ့ဒီကောလဟာလရဲ့အစက မိဘုရားရဲ့ဗိုက်ထဲမှာ ဘုရင်သေးသေးလေးရောက်နေပြီဆိုတဲ့သတင်း နန်းတော်ထဲ ပျံ့သွားတဲ့အချိန်က,စလို့ပဲ ။
အဲ့ဒီနေ့ မိဘုရားနန်းဆောင်မှာ လူအစည်ဆုံးနေ့ဖြစ်ခဲ့သလို..အင်း ၊ ရှောင်းကျန့်..သူ့နှလုံးသားတစ်ခုလုံး အစိတ်စိတ်ကွဲသွားတဲ့နေ့လည်း ဖြစ်ခဲ့တယ်ပေါ့ ။
• • • • •
နန်းတော်မြောက်ဘက်ဥယျာဥ်ထဲ ရပ်နေတဲ့ ရှောင်းကျန့်ရဲ့ကျောကို ယွီကုန်းကုန်း မသက်သာစွာကြည့်လိုက်တယ် ။
" ပြန်ကြတော့မလား သခင်လေး "
သူ့နှုတ်ခမ်းဖျားမှာ နာနာကျင်ကျင်အပြုံးလေးတစ်ခု ဖြစ်လာတယ် ။ ရှေ့မြင်ကွင်းက အသစ်စက်စက်မိဘတွေဖြစ်လာတော့မယ့် ဘုရင်နဲ့မိဘုရားစုံတွဲကိုကြည့်ရတာ သိပ်ကြည်နူးဖို့ကောင်းနေသလိုပဲ ။
ဒီတိုင်းဆို ရှောင်လျဲန်အဆောင်စွန့်ပစ်ခံလိုက်ရပြီဆိုတာ
ကောလဟာလမဟုတ်ဘဲ အမှန်ဖြစ်နေလောက်တယ် ။" ကျွန်တော့်ပုံစံက အခု သနားဖို့ကောင်းနေလား "
ယွီကုန်းကုန်းကို လှည့်မကြည့်ဘဲ သူမေးလိုက်တယ် ။" ဒီအစေခံ မထင်ဝံ့ရဲပါ သခင်လေး "
ယွီကုန်းကုန်းကတော့ ထုံးစံအတိုင်း ဖြေတာပဲ ။ ဒါပေမဲ့ သူကတော့ တစ်နန်းတော်လုံးသူ့ဆီလာတဲ့သနားကြည့်တွေကို သိနှင့်နေတယ် ။
" အဟက် တကယ်ဆို..ယွီကုန်းကုန်း သတိပေးခဲ့တဲ့အရာတွေကို ကျွန်တော်အမှတ်မထားဘဲ မနေခဲ့ရမှာ "
" နန်းသွေးကိစ္စကိုလား သခင်လေး "
" တကယ်ဖြစ်လာမယ်လို့မထင်ခဲ့ဘူးပဲ ၊ ယွီကုန်းကုန်းပြောသလို အရှင်က.. "
" ကမ္ဘာသစ်ကိုရှာတွေ့သွားတာပဲ "
" ဒါကလည်း အရမ်းကို မြန်မြန်.. "
စိတ်ရှိတိုင်းရေရွတ်ကာ သက်ပြင်းတစ်ခုကို ဘယ်သူမှမကြားအောင် ချလိုက်တယ် ။ ဒီရက်တွေ သူ ပင်ပန်းရမှာတောင် ပင်ပန်းနေခဲ့ပြီ ။
YOU ARE READING
The Spirit [ Edited ]