" တစ်ယောက်တည်းနေခဲ့လို့ဖြစ်ရဲ့လား ရှောင်ဝမ်ရယ် ၊
မာမားတို့နဲ့ လိုက်ခဲ့ပါဆို "ကားထဲရောက်လို့ သွားမယ့်ဆဲဆဲတောင် စိတ်မချနေတဲ့ မာမားက အခုထိဇွဲ့မလျှော့သေးပုံ ။ သူလည်း ပြုံးကာပဲခေါင်းခါပြလိုက်တယ် ။ မာမားက ယောကျ်ားရှင်လည်းဝင်ပြောဦးဆိုတဲ့ပုံစံနဲ့ ပါပါးဘက်လှည့်သွားတယ် ။
သူတို့နေခဲ့တဲ့မြို့က ပါပါးရဲ့မိတ်ဆွေတစ်ယောက် တော်တော်လေးနေမကောင်းနေတာမို့ သတင်းသွားမေးကြမှာကို သူက အိမ်မှာနေခဲ့မယ်ဆိုလို့ မာမားက စိတ်မချဘူးဆိုပြီးပါအောင်ခေါ်နေတာ ။
" ကဲ အချိန်လင့်နေပြီ ၊ သွားကြရအောင် "
" သား ရှောင်ဝမ် တကယ်တစ်ယောက်တည်းဖြစ်တယ်နော် "
" ဟုတ် "
ဘူးဆိုဖရုံမသီးတဲ့ သားတော်မောင်အကြောင်းသိတာမို့ ပါပါးကတော့ လက်ကနာရီကိုကြည့်ပြီးသာ မားကိုအလိမ္မာလေးနဲ့ တားတယ် ။
ဝမ်ရိပေါ်လည်း သဘောပေါက်စွာ ခုထိမျက်နှာထားမလျော့သေးတဲ့ ဝမ်အမျိုးသမီးဆီအာဘွားတစ်ချက်ပေးလို့ သူမဘက်ကကားတံခါးကို တစ်ခါတည်း အသာလေးပိတ်ပေးလိုက်တယ် ။
" လမ်းခရီးအဆင်ပြေချောမွေ့ပါစေ ပါးနဲ့မား "
" တာ့တာ "
ခြံဝန်းထဲကမောင်းထွက်သွားတဲ့ကားလေးကို သူ မြင်ကွင်းလွတ်တဲ့ထိလိုက်ကြည့်ပြီးမှသာ အိမ်ထဲပြန်ဝင်လာခဲ့တယ် ။
• • • • •
ဝမ်ရိပေါ် ရေချိုးခန်းထဲကထွက်လာတဲ့ချိန် အခန်းထဲမှာ ရှောင်းကျန့်ရောက်နှင့်နေတယ် ။
စင်ပေါ် စီတင်ထားတဲ့ legoလေးတွေကို လက်နဲ့ခပ်ဖွဖွထိလို့ စူးစမ်းနေတဲ့ ထိုနောက်ကျောကိုကြည့်လို့ သူပြုံးလိုက်တယ် ။ ပြီးတာနဲ့ တိတ်တိတ်လေးလျှောက်သွားပြီး လှန့်လိုက်မလို့ ကြံကာရှိသေး..၊
" ဟွန်ဟွန်း~ ကျွန်တော်သိတယ်နော် ရိပေါ်.. "
ဝမ်ရိပေါ် သူ့လက်နှစ်ဖက်လုံးကိုပြန်ချလိုက်တယ် ။ ရယ်သံသေးသေးလေးထွက်လို့ ရှောင်းကျန့်က ဒီဘက်လှည့်လာတယ် ။
YOU ARE READING
The Spirit [ Edited ]