18

5.2K 660 47
                                    

အပိုင်း ၁၈

မျက်စိတစ်မှိတ်အတွင်း နှစ်သစ်ကူးအချိန်ကို ရောက်လာပြန်တယ် ။

နှစ်ကူးအငွေ့အသက်တွေ နေရာတိုင်းမှာပျံ့ ကြဲနေတယ် ။ ပျော်စရာအတိဖြစ်ပေမဲ့ ရှောင်လျဲန်သခင်ကတော့ ဒီလိုချိန်မှာ အခန်းထဲ တစ်ကိုယ်တည်းထိုင်လို့ တစ်ယောက်ယောက်ကို စိတ်ဆိုးနေရတယ် ။

" အရှင်မင်းကြီးက တကယ်မအားလို့ဖြစ်မှာပါ သခင်လေးရယ် "

ကြားထဲကနေ လေပြည်လာထိုးနေတဲ့ ယွီကုန်းကုန်းကို သူ ကျောပေးထိုင်လိုက်တယ် ။ ခုချိန် သူ့စိတ်ထဲတအား နေလို့မကောင်းနေတာမို့ ဘာစကားမှမကြားချင် ။ ဒီလိုရက်မှာတောင် သူ့ကို ပစ်ထားရက်တဲ့ဘုရင်ကိုပဲ စိတ်ဆိုးနေတာ ကိုယ်တိုင်ဖြေရှင်းလာတာမှမဟုတ်ရင် ဘယ်သူ့ဖြေရှင်းချက်မှ လိုအပ်မနေဘူး ။

" ယွီကုန်းကုန်း စဥ်းစားကြည့် "

" လွန်ခဲ့တဲ့သုံးလလောက်ကတည်းက နန်းတော်မှာ ညီလာခံရာထူးအပြောင်းအလဲတွေအတွက် ၊ အမှုထမ်းလူသစ်တွေခေါ် ဖို့အတွက် ကျင်းပတဲ့ စာမေးပွဲတွေ အရည်အချင်းစစ်ပွဲတွေကြောင့် တာဝန်တွေအရမ်းများလို့.. အရှင်က ​ကျွန်တော့်ဆီ ကောင်းကောင်းလှည့်မလာနိုင်တာ.. ဒါကို ကျွန်တော်နားလည်ပါတယ် "

" ဒါပေမဲ့ အခု အကုန်လုံးလည်းပြီးစီးလို့ နှစ်ကူးတောင်ရောက်ပြီပဲ ၊ ဒီနှစ်သစ်ကူးမှာတော့ အရှင့်ဆီမှာ ကျွန်တော့်အတွက် အချိန်ဖယ်ထားသင့်တယ်လေ.. မဟုတ်ဘူးလား "

" မြို့ထဲမှာကျင်းပတဲ့နှစ်ကူးပွဲကို နှစ်တိုင်းအတူတူသွားနေကျကို "

" ပြီးတော့ နှစ်ကူးပွဲတော်ဆိုတာ ကျွန်တော်တို့နှစ်ယောက်ကြား ဘယ်လောက်တောင်မှ အရေးကြီးတဲ့အမှတ်တရတွေနဲ့အချိန်လဲ "

" ဒါကို ဘာလို့ အရှင်က.. "

အကြမ်းခွက်မျက်နှာပြင်ကို လက်လေးနဲ့ထိကာပြောနေရင်း တိမ်ဝင်သွားတဲ့အသံနောက် ယွီကုန်းကုန်း လှုပ်လှုပ်ရှားရှားဖြစ်လာတယ် ။

" ဟို..သခင်လေးစိတ်မရှိဘူးဆို
ဒီအစေခံက သခင်လေးကို အကြံပြုချင်တာလေးရှိပါတယ် "

The Spirit [ Edited ]Where stories live. Discover now