' တောက် '
လျှိုချင်းလျန်ရဲ့ဘေး အနက်ရောင်အခိုးငွေ့တွေ တရိပ်ရိပ်လောင်မြိုက်နေတယ် ။ အခုချိန် သူ့ဒေါသက နန်းဆောင်တစ်ခုလုံး မှောက်ပစ်ချင်လောက်အောင်ပဲ ။ သတင်းပို့လာတဲ့အရိပ်မဲ့တစ္ဆေတောင် ဆက်မနေနိုင်တော့ဘဲ လှစ်ခနဲပျောက်ကွယ်သွားတယ် ။
လျှိုအရှင် ကျောက်သားနံရံပေါ် အရာထင်သွားတဲ့ထိ သူ့လက်သီးနဲ့အားပြင်းပြင်းထိုးချလိုက်တယ် ။
အခုထိ အကုန်လွယ်ကူချောမွေ့လွန်းနေတဲ့ သူ့ဘဝမှာ ရှောင်းကျန့်တစ်ယောက်တည်းကသာ ခက်ခဲနေခဲ့တာ ။ ဒါပေမဲ့ သူကိုယ်တိုင်ကြိုးစားယူခဲ့တယ် ။
ရှောင်းကျန့်နဲ့များပက်သက်ရင် သူ့ဘဝမှာ ဆူးငြောင့်ခလုတ်တွေချည်းပဲ ။
သူမရလိုက်တဲ့ အချစ် ၊ အဲ့ဒီအချစ်ရဲ့ ပိုင်ရှင် ၊ ပြီးတော့ သူ့အဖေ.. ။သာမန်နတ်သူငယ်မျိုးနွယ်က အစောင့်အရှောက်နတ်လေးကို တပ်မက်နေတာကြောင့် အစတည်းက သူ့ဖခင်က အကြီးအကျယ်တားမြစ်ခဲ့တယ် ။
ဆက်ခံသူဖြစ်လာရမယ့်နတ်ဘုရားအနေနဲ့ မသင့်တော်ကြောင်း သေချာပေါက် ပြောခဲ့တယ် ။ နောက်ပိုင်း ဖခင်နဲ့သူ တစ်နေရာထဲမျက်နှာချင်းဆိုင်မရတော့လောက်အောင် မတည့်ကြတော့တာလည်း ဒီအကြောင်းအရာကြောင့်ပဲ ။
ဒါပေမဲ့ သူကတော့ နှစ်ခုလုံးကိုလက်မလွှတ်ဘဲ ဆက်ခံသူဖြစ်လာဖို့တာဝန်တွေကြား ဖခင်ရဲ့စကားကို ဖီဆန်ပြီး လိုချင်တဲ့အရာနောက်ကိုနည်းမျိုးစုံနဲ့လိုက်ခဲ့တယ် ။
စည်းမျဥ်းတွေကို ချိုးဖောက်တာ ။ ခြောက်လှန့်ပြီး သွေးထိုးတာ ။ ချိန်းခြောက်တာ ။ ရှောင်းကျန့်အတွက်နဲ့ သူ အကုန်လုပ်ဖူးတယ် ။
ဒါပေမဲ့ နောက်ဆုံးတော့လည်း..ဘာဖြစ်လဲ ။ ရှောင်းကျန့်ကတော့ သူ့လက်ထဲ ဘယ်လိုမှရောက်မလာဘဲ အဝေးကိုပဲလွင့်လွင့်သွားတယ် ။
အခုလည်း သူလုပ်လိုက်တဲ့အစီအစဥ်က တစ်ရာ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီးမှ ပြောင်းပြန်လှန်သွားခဲ့တာ ။
လုပ်စရာတာဝန်တစ်ခုကြောင့် ရှောင်းကျန့်နားမသွားနိုင်မယ့်အတွင်း ကြိုစဥ်းစားပြီးတော့ အဲ့ဒီအမှိုက်ကောင်ကိုရှင်းခဲ့တာတောင်မှ သူပြန်လာတော့ကြားလိုက်ရတဲ့သတင်းက ဒီလို အခြေအနေမျိုးတဲ့ ။
YOU ARE READING
The Spirit [ Edited ]