5

6.5K 835 33
                                    

သူတို့ရောက်လာတုန်းက ကလေးတွေ ဘာလို့အုတ်နံရံနား စုပြုံနေကြသလဲ အခုမှသေချာသိသွားရတယ် ။

ဆေးသုတ်ထားတာမကြာသေးပုံရတဲ့ ဆွတ်ဆွတ်ဖြူသန့်ရှင်းနေတဲ့ နံရံနားမှာ ကလေးတွေကတော့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတယ် ။

အရောင်တွေစပ်ပြီးချိန်မှာတော့ ကလေးတွေက သူတို့လိုချင်တဲ့ဆေးရောင်တွေနဲ့ စုတ်တံသေးသေးလေးတွေကိုင်လို့ နံရံနား တိုးကပ်သွားကြတော့တယ် ။ ရှောင်းကျန့် သူ့အိမ်ကနေ ဆေးပုံးတွေယူလာရခြင်းအ​ကြောင်းက ဒီနံရံကိုကလေးတွေဆေးခြယ်ဖို့အတွက်ပဲ ။

မကြာခင်ပဲ အုတ်နံရံရဲ့ နေရာတော်တော်များများမှာ အရောင်စုံတွေစွန်းတင်သွားလေတယ် ။ သူတို့စိတ်ကူးလေးတွေအတိုင်း ပုံလေးတွေရေးဆွဲလို့ ဆေးရောင်ခြယ် ၊ ပျော်နေကြတဲ့ကလေးတွေကိုကြည့်ရင်း ဝမ်ရိပေါ်ပါ စိတ်ပျော်လာပြီး ပီတိဖြစ်ရတယ် ။

အဲ့နောက် ကလေးတွေကြား အလုပ်များနေခဲ့တဲ့ ရှောင်းကျန့်က
သူ့နားပြန်ရောက်လာတယ် ။

" ရိပေါ် ပျင်းနေပြီလား "

" မပျင်းပါဘူး ၊ ကလေးတွေကို လိုက်ကြည့်နေတာ.. "

ရှောင်းကျန့်က ကလေးတွေကိုလုပ်ပေးသလို ဝမ်ရိပေါ် ရဲ့ လက်ထဲ စုတ်တံလေးတစ်ချောင်းလာထည့်ပေးတယ် ။ ဘာသဘောလဲဆိုတာ မေးနေစရာမလိုအောင်ဘဲ ကလေးတွေရဲ့ဘေးမှာလွတ်နေတဲ့နံရံနား သူ့ကိုဆွဲခေါ်လာတယ် ။

" ရိပေါ်လည်း အတူလုပ်အားပေးရမှာပေါ့ ရော့ "

ဆေးရောင်တွေကိုခွဲထည့်ထားတဲ့ အစုံလိုက်ခွက်လေးတွေပါ ချပေးလာတယ် ။ ဒီနတ်ဆရာသေးသေးလေးကတော့ သူ့ကို အတည်ကြီးလုပ်ခိုင်းတော့တာပဲ ။

ဝမ်ရိပေါ် ဘာမှမပြောတော့ဘဲ အင်္ကျီလက်ကိုသာခေါက်တင်လို့သာ အောက်ကခုံပုလေးဆီ ထိုင်လိုက်တယ် ။ သူပြောသလိုလုပ်တော့မယ့်ဝမ်ရိပေါ်ကို ကြည့်လို့ ရှောင်းကျန့်က ကျေနပ်သွားပုံ.. ။ ပြီးတာနဲ့ ထွက်သွားဖို့လုပ်တယ် ။ နေဦးလေ ။ အဲ့လိုဘယ်ရမလဲ ။ ကွက်တိပဲ ဝမ်ရိပေါ် ထိုလက်ကောက်ဝတ်လေးကို ဖမ်းလို့မိလိုက်တယ် ။

The Spirit [ Edited ]Where stories live. Discover now