ဘုရင့်နဂါးနန်းဆောင်ဟာ အလွန်ငြိမ်သက်နေပြီး ။ မီးရောင်ကိုတမင်မှိန်ချထားကာ မင်္ဂလာဦးအပြင်အဆင်တချို့လည်းရှိနေတယ် ။
" အိပ်ဆောင်ဝင်ရတော့မယ့်အချိန်ပါ အရှင်မင်းကြီး "
ဝမ်ရိပေါ် ရှောင်လျဲန်အဆောင်ရှိရာဘက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ် ။ စိတ်ရှိတိုင်းသာဆို ချက်ချင်းပြေးသွားလိုက်ချင်ပေမဲ့ ဉာဏ်များတဲ့အမတ်တွေက စားသောက်ပွဲကို ကျင်းပနေကျနေရာမှာမဟုတ်ဘဲ သူ့နဂါးနန်းဆောင်ကို ခပ်ဝေးဝေးကနေ လှမ်းမြင်နေရတဲ့ လေဟာပြင်အဆောင်မှာ ပြုလုပ်နေကြတယ် ။
တစ်နေ့လုံးထိန်းချုပ်လာခဲ့တဲ့ မင်းကြီးဝမ်ရဲ့မျက်နှာအမူအရာဟာ ယိုယွင်းချင်လာတယ် ။ အခုနေသာ သတို့သမီးရှိနေတဲ့နန်းဆောင်ကိုကျော်ပြီး ရှောင်လျဲန်အဆောင်ဘက်ကို သွားလိုက်ရင် သူတို့တွေသေချာပေါက် သူ့ချစ်သူကိုပဲ ပြဿနာရှာကြလိမ့်ဦးမယ် ။
ပွင့်နေလျက်သားအဆောင်တော်ရဲ့ တံခါးအောက်ခြေဘောင်လေးကို ကျော်လို့ အထဲကိုဝင်လိုက်တယ် ။ ကြီးမြတ်လှပါတဲ့ မင်္ဂလာဦးဝတ်စုံကြီးက သူ့ခန္ဓာကိုယ်ပေါ်မှာ တအားလေးလံလွန်းနေတယ် ။
နှင်းဆီပွင့်ဖတ်တွေအပြည့် ဖြန့်ခင်းထားတဲ့ မင်္ဂလာဦးအခန်းထဲကို ဝင်လိုက်တဲ့အခါ စားပွဲပေါ်ထွန်းထားတဲ့ နံ့သာအိုးက အငွေ့တလူလူ လွင့်နေကာ ထိုအမွှေးရနံ့က နှာခေါင်းထဲချက်ချင်းတိုးဝင်လာတယ် ။ ဒီအနံ့ကို သူ ရင်းနှီးနေတယ် ။
" အဟမ့် "
မင်္ဂလာကုတင်ပေါ်ထိုင်နေတဲ့သူကို တစ်ချက်သာဝေ့ကြည့်လိုက်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ် ။ စားပွဲပေါ်မှာလည်း ပြင်ဆင်ထားတဲ့ မင်္ဂလာအရက်အိုးတစ်အိုး ။
ဝမ်ရိပေါ် အာရုံတွေလွင့်နေတယ် ။ ဒီည သူ ရှောင်လျဲန်အဆောင်ကို ရောက်မလာတာကြောင့် အထင်လွဲပြီးဝမ်းနည်းနေမယ့် ချစ်သူရဲ့ မျက်နှာကိုပဲ မြင်ယောင်နေတယ် ။
ဘယ်သူကမှ စကားစမပြောတဲ့အဆုံး တိတ်ဆိတ်နေတဲ့အိပ်ခန်းဟာ အေးစက်လာတယ် ။ ကြည့်လိုက်တော့ မဖယ်ရသေးတဲ့ အနီရောင်ခေါင်းဆောင်းပုဝါဟာ တစ်ဖက်ရဲ့ခေါင်းပေါ်မှာရှိနေဆဲ ။ မင်းကြီးဝမ် ပိုပြီးအခက်ကြုံသွားတယ် ။ မင်္ဂလာခေါင်းဆောင်းဖယ်ပေးဖို့ သူ့ကိုစောင့်နေပေမဲ့ သူကတော့ ထိုခေါင်းဆောင်းကို ကိုယ်တိုင်ဖယ်ပေးဖို့ ယုံကြည်ချက်မရှိနေဘူးဖြစ်တယ် ။
KAMU SEDANG MEMBACA
The Spirit [ Edited ]