သတင်းပို့သံအဆုံး နဂါးနန်းဆောင်ထဲပြေးဝင်လာတဲ့အမှုထမ်းက အလျှင်လိုနေပုံပေါ်တယ် ။
" အစေခံလျှောက်တင်ပါတယ် အရှင်မင်းကြီး.. ယွီကုန်းကုန်း နန်းတော်အနောက်ဘက်တောအုပ်ထဲကို ဝင်ပြေးသွား.. "
" ကိုယ်ရံတော်ဖန်ရှင်းရော "
" နောက်ကတပ်ကြပ်မကွာလိုက်သွားပါတယ် "
" ကောင်းပြီ ၊ ရှေ့ကလမ်းပြ..ကိုယ်တော်ကိုယ်တိုင် လိုက်မယ်! "
• • • • •
တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေတဲ့ယွီကုန်းကုန်းဟာ မြေကြီးပေါ်လက်ပြန်ကြိုးတုပ်ခံထားရကာ မျက်နှာလူရုပ်မပေါ်တော့အောင် စုတ်ပြတ်နေနှင့်တယ် ။
မင်းကြီးဝမ်ရောက်လာတာနဲ့ ဖန်ရှင်းက သူ့လက်ထဲကို အထုပ်ငယ်လေးတစ်ထုပ် အပ်လာတယ် ။
" တခြားတိုင်းပြည်ကလာတဲ့ စိတ်ကိုကရောင်ခြောက်ခြားဖြစ်စေတဲ့ ဆေးမှုန့်ပါ မင်းကြီး.. ၊ အသုံးများရင်များသလို စိတ်ကိုထိခိုက်စေပြီး အာနိသင်ကတော့ သိချိန်နောက်ကျရင် ကုသဖို့ခက်တဲ့အထိပါ ၊ ဒါ.. ယွီကုန်းကုန်းရဲ့ကိုယ်က ရှာတွေ့ ခဲ့တာပါ "
မင်းကြီးဝမ် ဆေးထုပ်ကို ခဏလောက်စိုက်ကြည့်ပြီး လက်ဆစ်တွေဖြူလာတဲ့ထိ ဆုပ်ခြေပစ်လိုက်တယ် ။ ခါးမှာချိတ်လာတဲ့ဓါးအိမ်ထဲက တော်ဝင်နဂါးဖြူဓားကို ချွင်ခနဲဆွဲထုတ်လို့ ယွီကုန်းကုန်းရဲ့ လည်ပင်းပေါ် တင်လိုက်တယ် ။
" အားလုံးကို အမှန်အတိုင်းဝန်ခံစမ်း!! "
ရေခဲတမျှအေးခဲနက်နဲတဲ့ ဖိအားအောက် ၊ အနားရှိနေတဲ့အမှုထမ်းတွေအကုန် ဒူးတွေခွေညွတ်ချင်လာတယ် ။ တမလွန်ကို သွားရဖို့ တစ်လှမ်းလောက်သာလိုတော့တဲ့ ယွီကုန်းကုန်းကတော့ ဒီချိန်မှတော့ မထူးဇာတ်ခင်းတော့လေကာ ပါးစပ်က သွေးတစ်ပွက်အန်လာတဲ့ထိ ထရယ်တယ် ။
စိတ်ရောဂါသည်လို ပြူးကျယ်လာတဲ့မျက်လုံးတွေနဲ့ အဲ့နောက်မှာ အားလုံးကိုဖွင့်ချတော့မယ့်အရိပ်အရောင်တချို့ရော.. ။
" အရှင်မင်းကြီး လုံးဝမသိခဲ့ဘူးမဟုတ်လား "
" အရှင့်ချစ်သူလေးရဲ့ တစ်ချိန်လုံးဖြစ်နေခဲ့တဲ့
စိတ်မလုံခြုံမှုတွေကိုလေ "
YOU ARE READING
The Spirit [ Edited ]