11

5.4K 769 50
                                    

ရှောင်းကျန့်ကိုယ်တိုင် လုပ်ထားတဲ့လက်ပတ်ကြိုးနီ ။ တကယ်ကိုသာမန်နဲ့မတူဘဲ အတော်လေးထူးခြားတယ် ။

အစီအရင်အားလုံးကို ပယ်ဖျက်နိုင်ပြီး အဲ့ဒါက
သူကိုယ်တိုင်ပြုလုပ်ထားတဲ့အစီအရင်ဆိုရင်တောင်မှပဲ ။

ရှောင်းကျန့်က ပျောက်သွားတယ်ဆိုတဲ့သူ့စကားကိုယုံပြီး လက်ပတ်ကြိုးနီကို ပြန်ရှာမသွားတော့ သူ့ဆီမှာပဲရှိနေခဲ့တာ ။ အဲ့ဒါအပြင် သိမ်းထားဖို့ပေးလိုက်တဲ့ ခိုသွေးတွေနဲ့ပန်းချီကိုလည်း မေ့သွားသေးတယ် ။ တကယ် သူ့ရှောင်းကျန့်က ပေါ့ဆတာပဲ ။

ဒါ့ကြောင့်.. အဆုံးသတ်ကတော့ ပန်းချီပုံရဲ့ အောက်မှာတွေ့လိုက်တဲ့လက်ပတ်ကြိုးနီကို သူ လက်မှာဝတ်ကြည့်လိုက်တာနဲ့ အစီအရင်တွေအားလုံးက ပျက်ပြယ်သွားတယ် ။

ချက်ချင်း ကိုက်ခဲလာတဲ့ခေါင်းနဲ့အတူ ဖျောက်ဖျက်ခံထားရတဲ့မှတ်ဉာဏ်တွေက ​တစ်ခုချင်းပြန်ပေါ်လာတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒါက.. သူတို့ရဲ့ ကံကြမ္မာပဲ ။

တခြားသူတွေရဲ့အချစ်က ဘယ်လိုမျိုးလဲသေချာမသိပေမဲ့ သူတို့ရဲ့ အချစ်ကတော့ စောင့်ဆိုင်းခြင်းပဲ ။ နှစ်ယောက်ကြား တားဆီးထားတဲ့အချိန်တွေကို အတူတူဖြတ်ကျော်ပြီးမှ ဒီထိရောက်လာနိုင်ခဲ့ကြတာ ။ အဲ့ဒီဆန္ဒလေးတစ်ခုအတွက်နဲ့ ဒီလိုခရီးရှည်ကြီးကို ဖြတ်ကျော်လာခဲ့ကြတာ ။ အဆုံးသတ်မှာရှိနေမယ့်အရာက ဒီလိုမရေရာတာတောင် ချစ်တယ်လို့ထပ်ပြောနိုင်ဖို့အတွက် သူတို့က ပြန်ဆုံတွေ့ ခဲ့ကြတာ ။

သူ့ဆီ ခပ်ဖြည်းဖြည်းလျှောက်လာနေတဲ့ဝမ်ရိပေါ် ရဲ့ အကြည့်တွေ..။

အဲ့ဒီခဏ သူ သတိထားမိလိုက်တယ် ။ ဒါ သူ့နှလုံးသားအတွင်းထဲက ပုံရိပ်တွေရဲ့ ပိုင်ရှင်အစစ်ပဲ ။ မီးရထားတစ်စင်းခုတ်မောင်းသွားသလို သူ့နှလုံးသားလေးက ဆူညံလာတယ် ။ အဲ့ဒီမျက်လုံးအကြည့်တွေရဲ့ပိုင်ရှင်က ဘယ်သူဆိုတာကို သူ ရင်းရင်းနှီးနှီးသိနေတယ် ။

" အကြာကြီးစောင့်စေမိလို့ တောင်းပန်ပါတယ်.. "

" ကျန့်~ "

The Spirit [ Edited ]Where stories live. Discover now