14

4.9K 681 24
                                    

ချောင်ဖေးမီ ။

ဝမ်ရိပေါ်အရင်နေခဲ့တဲ့မြို့က အိမ်နီးချင်းဆက်ဆံရေးမျိုးဖြစ်ပြီး အထက်တန်းကျောင်းရဲ့ တစ်ပင်တိုင်ပန်းလေးလို့ တင်စားကြတဲ့ထိ သိမ်မွေ့ ပြီးချစ်စရာကောင်းတဲ့ မိန်းမငယ်လေး ။

ငယ်ငယ်တည်းက အတူတူကြီးပြင်းခဲ့ကြတာမို့ သူမက ဝမ်ရိပေါ်ကို တော်တော်လေးခင်တွယ်တယ် ။ တစ်နှစ်ကျော်လောက်သာငယ်တဲ့သူမကို တစ်ဦးတည်းသောသားဖြစ်တဲ့ဝမ်ရိပေါ်ကလည်း ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တယ် ။

သူမတို့မိသားစုနဲ့ ဝမ်မိသားစုက ရင်းနှီးကျွမ်းဝင်ရှိတယ် ။ သူတို့တွေအရွယ်မရောက်ခင်တည်းက နှစ်ဖက်မိသားစုမှာ စနောက်သလိုလိုအတည်လိုလိုပြောထားမိတဲ့ စကားတစ်ခွန်းလည်း ရှိတယ် ။

ဒါပေမဲ့ အဲ့လိုမောင်နှမဆက်ဆံရေးမှာ ထိုစကားကို လူကြီးတွေဆီက မတော်တဆကြားမိပြီး ဖေးမီခံစားချက်တွေက အရောင်ပြောင်းလာတယ် ။ ဝမ်ရိပေါ်လည်းရိပ်မိပေမဲ့ တတ်နိုင်တာမရှိလို့ ဒီတိုင်းပဲထားလိုက်တယ် ။

ဒါပေမဲ့ ကြာတော့ပိုဆိုးလာပြီး အမူအကျင့်တွေက သိသာလာတယ် ။ လူကြီးတွေရဲ့ ထိုစကားကို အတည်လို့သတ်မှတ်နိုင်အောင် အတင်းကြိုးစားလာပြီး သူမဘက်က စလို့ ဝမ်ရိပေါ်ကို ချစ်ရေးဆိုခဲ့တယ် ။

ဝမ်ရိပေါ် သေချာငြင်းခဲ့ပေမဲ့ သူမကတော့ ဆက်လုပ်နေတုန်းပဲ ။

သူအနေနဲ့လည်း ညီမလေးတစ်ယောက်လို စောင့်ရှောက်ခဲ့ရတဲ့ ကလေးကို ကြမ်းတမ်းရက်စက်တဲ့စကားတွေနဲ့ ဆက်မငြင်းနိုင်ကာ အတတ်နိုင်ဆုံး သူ့ဘက်က ရှောင်နေလိုက်ဖို့ပဲ စဥ်းစားခဲ့တယ် ။

နောက်ဆုံးမှာတော့ သူတောင်မတွေးရသေးခင် အစီအစဥ်တကျပဲဖြစ်လာတယ် ။ သူတို့အိမ်ပြောင်းလိုက်ရတယ် ။ အဲ့နောက် သူမဆီက ရှောင်ထွက်မယ့်အစီအစဥ်ဟာလည်း သဘာဝကျကျလေးအောင်မြင်သွားတယ် ။

• • • • •

"ကိုကို? မတ်တပ်ကြီးဘာတွေတွေးနေတာလဲ.. "

ရင်ဘတ်ကို လက်နဲ့ဖွဖွရိုက်လိုက်တဲ့ဖေးမီကြောင့် လှုပ်နှိုးလိုက်သလို သူ အသိပြန်ဝင်လာတယ် ။ သူမက ရှောင်းကျန့်ကိုလှမ်းမြင်တဲ့အခါ အမူအရာတစ်မျိုးဖြစ်သွားကာ ပထမဆုံးတွေ့တဲ့လူအပေါ် နှုတ်ဆက်တာတောင်မလုပ်ဘဲ ခပ်စူးစူးစိုက်ကြည့်လာတယ် ။

The Spirit [ Edited ]Where stories live. Discover now