6

6K 807 4
                                    

လေဟာ ​ပြတင်းပေါက်ကိုဖြတ်ပြီး ခပ်သွေ့သွေ့တိုက်ခတ်နေတယ် ။
ထင်တဲ့အတိုင်း ဒီနှစ်နွေရာသီက ခပ်စောစောဝင်လာခဲ့ပုံပဲ ။

တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်စဥ်းစားနေတဲ့ ဝမ်ရိပေါ်က ကျောက်ရုပ်တစ်ခုအလားငြိမ်လို့ မျက်ခုံးတန်းတွေ စုကျုံ့နေတယ် ။ မျက်လုံးအိမ်အောက်က ခပ်ကွင်းကွင်းအရိပ်ဟာလည်း ညရေးညတာတွေမှာ ကောင်းကောင်းအိပ်မပျော်ထားတာကို ဖော်ပြနေတယ် ။

" ဝမ်.. " ထိုစကားလုံးကို ခပ်တိုးတိုးရေရွတ်လိုက်တယ် ။

ဟုတ်တယ် ။ အဲ့ဒီလူက ဘုရင်ပဲ ။ အမြဲတမ်း အားမလိုအားမရဖြစ်စရာနောက်ကျောပြင်နဲ့ သူ့အိပ်မက်တိုင်းမှာပါနေတဲ့အဲ့ဒီလူက တိုင်းပြည်ရဲ့ အရှင်သခင်ပဲ ။

အိပ်မက်ထဲမှာ အဲ့ဒီလူကိုင်ထားတဲ့ တော်ဝင်အမှတ်တံဆိပ်ပြားကို သေချာပေါက်မြင်လိုက်တယ် ။ ပြီးတော့ ငြိမ်ဝပ်နေတဲ့အနေအထားအရ နိုင်ငံအပေါ် တာဝန်ကျေတဲ့ ၊ အလုံးစုံထိန်းချုပ်နိုင်တဲ့သူမျိုးပဲ ဖြစ်လိမ့်မယ် ။

ဒါပေမဲ့.. ဘယ်လိုပဲ တော်တဲ့ဘုရင်ဖြစ်ပါစေဦး ။ ချစ်တဲ့သူကိုတော့ စိတ်ချမ်းသာအောင်မထားနိုင်ဘူးဆိုတာလည်း အမှန်တရားပဲ ။

ဘာလို့ဆို အပြာနုရောင်ဝတ်ရုံနဲ့အမျိုးသားက သူ့ရဲ့အိပ်မက်တိုင်းမှာ အမြဲဝမ်းနည်းနေခဲ့ရတာမို့ပဲ ။ မျက်နှာမမြင်ရပဲတောင် သူ့ရဲ့စိတ်နှလုံးညှိုးနွမ်းနေမှုကို အတိုင်းသားသိသာနေတဲ့ထိ သနားစဖွယ်ကောင်းတယ် ။ ထိုအမျိုးသားက အမြဲတမ်းမှာ တစ်ယောက်တည်းအထီးကျန်ဝမ်းနည်းနေခဲ့တယ် ။

ဝမ်ရိပေါ် လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ် ။ ဒါပေမဲ့ တင်းကြပ်နေဆဲစိတ်ကတော့ အခုထိရှိနေတုန်းပဲ ။ ဒါက သူ့ဘဝထဲ​ ကြုံဖူးသမျှနဲ့မတူဘဲ အတော်လေးကွဲပြားတဲ့ကိစ္စမျိုးဖြစ်နေလို့လား ၊ ဒါမှမဟုတ် လက်တွေ့ကျဖို့ခက်ခဲနေလို့ပဲလား ။

တကယ်ပဲဒီလိုရှုပ်ထွေးစရာအခြေအနေက
ဘယ်တုန်းက စတင်ဖို့ဖြစ်နေခဲ့သလဲတောင် မသိတော့အောင်ပဲ ။

' ဒေါက် ဒေါက်~ '

" သား ရှောင်ဝမ်.. သူငယ်ချင်းဆီ ပစ္စည်းသွားပေးမလို့ဆို "

The Spirit [ Edited ]Where stories live. Discover now