ကူညီပေးပါလို့ပြောတဲ့နောက် လျှိုချင်းလျန်က ရှောင်းကျန့်ကို အိပ်မက်ဖမ်းစားတဲ့ မကောင်းဆိုးဝါးဆီသွားဖို့ ပြောလိုက်တယ် ။
" အဲ့ဒီသူသာဆိုရင် ကူညီနိုင်လိမ့်မယ် ၊ မိစ္ဆာမျိုးနွယ်မှာတော့ သူက အတော်ဆုံးပဲတဲ့ "
ဒီလိုအနေအထားမှာ အဲ့လိုမျိုးစိတ်အခြေအနေနဲ့ ပေးခဲ့တာက သေချာပေါက်ကောင်းမွန်တဲ့ အကြံစကားမဟုတ်ပေမဲ့ ။
ရှောင်းကျန့်ကတော့ တကယ်ပဲ အဲ့ဒီကိုသွားခဲ့တယ် ။
အိပ်မက်ဖမ်းစားတဲ့မိစ္ဆာ( အထူးသဖြင့် အိပ်မက်ဆိုးတွေကိုပဲ ဖမ်းယူစားသောက်လေ့ရှိတဲ့မကောင်းဆိုးဝါး )
လျှိုချင်းလျန်ပြောဖူးသလို သူက အဲ့ဒီလူနဲ့ပက်သက်ရင်တုံးအတယ် ။ နှစ်ပေါင်းထောင်ချီအတွင်း ပထမဆုံးမြင်လိုက်ရတဲ့မျက်နှာအတွက် မျက်လုံးထဲဘာမှမမြင်နိုင်တော့ဘဲ ခိုင်းတဲ့အတိုင်းပဲ တသွေမသိမ်းလုပ်တယ် ။
အကျိုးဆက်တွေ ၊ ဖြစ်လာမယ့်သက်ရောက်မှုတွေကို အာရုံမရောက်နိုင်ဘဲ သူစောင့်နေတဲ့လူ ဟုတ် ၊ မဟုတ်ကိုသာ စစ်ဆေးဖို့လောကြီးနေခဲ့တယ် ။ ဒါ့ကြောင့် ပထမဆုံးညမှာတင် အန္တရာယ်မကင်းတဲ့အစီအရင်တွေကို လူသားဝမ်ရိပေါ်ဆီ သူကိုယ်တိုင် ချခဲ့တယ် ။
အတိတ်ဘဝကမှတ်ဉာဏ်တွေကို အိပ်မက်အဖြစ်ဖန်တီးခိုင်းတယ် ။ ပြန်မှတ်မိလာစေဖို့ ဖိအားပေးထားတဲ့အစီအရင်တွေထည့်ထားတဲ့အိပ်မက်တွေကို နေ့နေ့ညညမက်စေတယ် ။ လူသားတစ်ယောက်ရဲ့ လိပ်ပြာကို အားနည်းစေပြီး အန္တရာယ်ရှိတဲ့အစီအရင်တွေမှန်း သိသိရက်နဲ့အသုံးပြုကာ နတ်ဘုရားတွေရဲ့အလိုကို ဆန့်ကျင်တယ် ။
" စောင့်နေတဲ့လူမှန်ရင် ခဏအတွင်း အတိတ်ဘဝကိုပြန်သတိရပြီးသေချာပေါက် မှတ်ဉာဏ်တွေပြန်ရလာမယ် ၊ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့..အစီအရင်ဘယ်လောက်သုံးသုံး ထူးခြားလာမှာမဟုတ်ဘူး "
အဲ့တုန်းကပြောလိုက်တဲ့စကားတွေကို ပြန်ကြားယောင်လာတယ် ။ ခုံရုံးကငြင်းခုံသံတွေကြား ရှောင်းကျန့် ခေါင်းကိုငုံ့ချလိုက်တယ် ။
YOU ARE READING
The Spirit [ Edited ]