Intro

44K 1.5K 131
                                    

(Punishment (အပြစ်ဒဏ်) Possessive( ပိုင်ဆိုးပိုင်နင်း) Type ဖြစ်ပါတယ်)

Unicode

လက်မောင်း၌ ရထားသည့် ဒါဏ်ရာကြောင့် နာကျင်မှုဆိုတာလည်း တစ်စိုးတစ်စမရှိ။
အသက်19နှစ်သာရှိသေးသည့် Jungkook သည် တည်ငြိမ်မှုက လိုက်ဖက်စွာပင်။

ဘေးနားက ဆရာ၀န်က Jungkook အား ကြောက်သည်မို့လို့
လက်မောင်း၌ စိုက်၀င်နေသည့် ကျည်ကိုထုတ်သော်လည်း ကြောက်စိတ်ကြောင့် လက်ကတုန်ယင်စွာ။

"ရှင်းပြီးသွားပါပြီဆရာ"

၀င်လာပြီး ခိုင်းထားသည့်အလုပ်ကို ကျေပွန်စွာလုပ်သည့် တပည့် Ethan ကိုတည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်လေသည်။

လက်အား ကျည်ဆံထုတ်ပြီး ပတ်တီးစည်းပြီးသည်နှင့် ရပ်နေသည့် Ethan ကိုတစ်ချက်ကြည့်အား

"ဆရာ၀န်က ကြောက်နေတယ် မင်းရေတိုက်လိုက်အုံး"

"ဟုတ်ကဲ့ဆရာ"

ထိုအခန်းထဲမှ ထွက်လာလိုက်သည်။ ဆေးရုံအပြင်ရောက်ဖို့ဆိုရင်
အရင်ဆုံး သားဖွားမီးယပ်ဆောင်ကို ဖြတ်ရပေသည်။

အခန်းတစ်ခန်းရှေ့ရောက်တော့ နားကိုအူစွာကြားလိုက်ရသည့် ကလေးငိုသံ။

Jungkook သည်မျက်မှောင်ကြိုတ်ကာ ထိုအခန်းကို ကြည့်လိုက်သည်။

သူနာပြုလက်ထဲ၌ ထိုကလေးသည် ငိုကြွေးလျက်။ ချော့ခြင်းပြုလုပ်နေသည့် သူနာပြုမှာလည်း ဇောချွေးပြန်လျက်။

ဂရုမစိုက်စွာ ထိုအခန်းထဲသို့ သူနာပြုက

"ရှင်ဘယ်သူလဲ...ခွင့်ပြုချက်မရဘဲ ၀င်မရဘူးဆိုတာ မသိဘူးလား"

သူနာပြုကိုတသ်လှည့် ငိုနေသည့်ကလေးကိုတစ်လှည့် လူနာကုတင်ပေါ်၌ လဲလျောင်းနေသည့်မိခင်ကိုတစ်လှည့်ကြည့်လိုက်ကာ

"ကလေးက ဘာလို့ငိုနေတာလဲ"

"ရှင်က ကလေးနဲ့ဘာတော်လို့လဲ"

"ဘာလို့ငိုနေတာလဲ"

"မိခင်ဆုံးသွားလို့...ကျွန်မလက်ပေါ်မနေဘူး အဲ့တာချော့တာလည်းမရဘူး"

သူနာပြုလက်ထဲက ကလေးကို ချီလိုက်သည်။

ထိုကလေးက ရုပ်ချည်းဆိုသလို အငိုတိတ်သွားကာ အညိုရောင်မျက်လုံး၀ိုင်းလေးတွေဖြင့် Jungkook အားကြည့်လာသည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now