Part 20

13.3K 774 5
                                    

Unicode

အပြင်က နေရောင်ခြည်နွေးနွေး ဖုံးလွှမ်းလာသည်။ ကုတင်ထက်၌ အိပ်ပျော်နေသည့် Taehyung ရဲ့ မျက်လုံးလေးသည် ဖြည်းညင်းစွာ ဖွင့်လာသည်။ 

မျက်မှောင်ကုတ်ကာ သေချာအသိစိတ်ကပ်မိတော့ အခန်းထဲကို သေချာမြင်လာရသည်။ 

အနည်းငယ် ခန္ဓာကိုယ်ကို လှုပ်လိုက်သည်မို့ နာကျင်မှုက ကြိုဆိုလာသည်။

"အာ့..."

တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ မှောက်ယားထိုးအိပ်နေသည့် Jungkook ကိုမြင်ရသည်။ ဒါပေမဲ့ တက်တူးတွေရှိနေသည့် လက်တစ်ဖက်က သူ့ရဲ့ ခါးပေါ်ကို ဖက်သွယ်ထားဖို့လည်း မမေ့သေးပေ။

Jungkook ရဲ့ လက်ကိုဖယ်လိုက်ကာ ကုတင်ပေါ်ကနေ ထလိုက်သည်။ နာကျင်မှုက ပြောမပြတတ်အောင်။

ခါးရိုးတစ်လျှောက်လုံးကို ရိုက်ထားသလိုမျိုး။ ခြေထောက်တွင် လက်တွေကို ရိုက်ချိုးထားသလိုမျိုးဘဲ။

မျက်နှာလေးက နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

 စောင်တစ်ထည်တည်းကို နှစ်ယောက်လုံးက ခြုံထားတာမို့ စောင်ကိုသူယူသွားရင် Jungkook က ဒီတိုင်းကျန်ခဲ့ရင်ပိုရှက်မိမှာ။

အဲ့တာမို့ကြောင့် စောင်ကိုမယူနေဘဲ မတ်တပ်ရပ်လိုက်ကာ အဝေးမှာ ကျနေသည့် ရေသုတ်ဝတ်ကို သွားကောက်ရန် လမ်းလျှောက်ဖို့ ပြင်လိုက်တော့ ပထမခြေလှမ်းမှာတင် ပစ်လဲကျသွားသည်။

ဘုတ်

အ့...

ထိုအခါမှ ကုတင်ပေါ်မှ အိပ်နေသည့် Jungkook သည် နှိုးလာသည်။

ဘေးနားက နေရာလွတ်လေးကြောင့် အမြန်ထလိုက်တော့ ကုတင်နားမှာ လဲကျနေသည့် Taehyung ကိုမြင်သည်။

နာသွားလို့ ထင်ပါရဲ့ မျက်နှာလေးက ငိုမဲ့မဲ့လေး။ 

"Taehyung"

"လမ်း...လမ်းလျှောက်လို့မရတော့ဘူး"

တစ်ကိုယ်လုံးမှာ ဘာမှမဝတ်ထားသည်မို့ ကြမ်းပြင်ပေါ်မှာ Taehyung ကပုံပုံလေးဖြင့် ငိုမဲ့ကာ ပြောသည်။

သူကိုယ်တိုင်လည်း ဘာမှမပါသည်မို့ အမြန်ထကာ ဗီရိုထဲကနေ သပတ်တစ်ထည်ထုတ်လိုက်ပြီး ခါးမှပတ်ကာ လဲကျသည့် Taehyung ကို ပွေ့ချီလိုက်သည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now