Unicode
ကားကိုအမြန်မောင်းကာ အရှိန်ဖြင့်ထိုးရပ်လိုက်ပြီး ကျောင်းဝန်းထဲသို့ ဝင်လိုက်သည်။ ထို့နောက်တွင် ကပွဲနေရာသို့ သွားလိုက်တော့ ကျောင်းသားကျောင်းသူတွေက အတော်များများ။ ထိုထဲမှာမှ Taehyung ကိုရှာရမှာဖြစ်သည်။
တစ်ချို့ကလေးတွေက မြင်ဖူးသည်မို့ ကြည့်နေကြသည်။ ကပွဲထဲဝင်လိုက်တော့ သီချင်းသံက စူးလျက်။ အချိန်လွန်နေပြီမို့ ဆရာဆရာမတွေကို မတွေ့တော့ဘဲ။ အလကား ကျောင်းသားကျောင်းသူတွေကို ဒီလိုလွတ်ထားခဲ့တာလား။
တိုးတွန်းရင်း ထိုထဲမှာမှ Taehyung ကို ရှာနေမိသည်။ တကယ်ဆို ဒေါသထွက်နေမိတာကို မနည်းချုပ်တည်းထားခဲ့ရတာ။
ကသည့်နေရာမှာ မီးရောင်ကြားထဲက မြင်လိုက်ရသည့် အဖြူရိပ်လေး။ မြင်လိုက်ရသည့် ပုံစံက ထွက်နေသည့်ဒေါသကို ပိုလာအောင်လုပ်လိုက်သလိုမျိုးဘဲ။ အင်္ကျီအဖြူပါးပါးလေးက အပေါ်ရင်ဘတ်ကိုလည်း ဖော်ကြူးထားသေးသည်။ ယိမ်းနွဲ့နေတာက တကယ်ကို ကြည့်ကောင်းနေတာကြောင့် Taehyung ကို ကြည့်နေသည့် သူတွေကိုကော Taehyung နားမှကနေကြသည့် သူတွေကိုလည်း သဝန်တိုကာ ဒေါသထွက်သည်။
ချစ်ရသူက မီးစတစ်ခုလိုဘဲ...ရင်ဘတ်ထဲကို စရှို့ပြီးတော့ကို ပူလောင်အောင် လုပ်တာ။ Jeon Taehyung က သိပ်ဆိုးလိုက်တာ။
ဘေးနားမှာ ချထားသည့်အရက်ခွက်တွေကြားမှ တစ်ခွက်ကိုယူလိုက်ကာ မော့လိုက်ပြီး ကျန်ခွက်အခွံကို ပစ်လိုက်ကာ ကပွဲအလယ်ထက်က မူးယစ်နေသည့် ကောင်လေးနားသို့ သွားလိုက်ပြီး လက်တစ်ဖက်ကို ဆွဲကိုင်လိုက်တော့ မော့ကြည့်လာသည်။
မျက်ဝန်းတွေက ရီဝေဝေဖြင့်။ မူးနေတာလား...ဒီတိုင်းကို ရီဝေနေတာလား မသဲကွဲတော့လောက်အောင်။
ဒါပေမဲ့ ကြည့်ကောင်းလောက်အောင် လှနေတာ။ ရုန်းနေပင်မဲ့ အသိစိတ်မရှိတော့ကြောင့် မူးနေကာ အားမထည့်နိုင်ပေ။
တင်းကျပ်စွာ ဆုပ်ကိုင်လာမှုကြောင့် လက်က သွေးကြောလေးတွေတောင် ပိတ်စို့သွားသလိုဘဲ။
"လွှတ်..."
အားလေးလျှာလေးဖြင့် ရှေ့က ပုံရိပ်က မှုန်ဝါးဝါး။ ကိုယ်သင်းနံ့က ရင်းနှီးနေသလိုမျိုးဘဲ။ မည်သူများလဲ။
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?