Part 3

15.2K 1K 30
                                    

Unicode

မနက်အစော 7 နာရီ၌ ထမင်းစား'စားပွဲထိပ်တွင် ထိုင်ကာ ဒေါသအားထိန်းချုပ်ထားသည့် Jungkook

တကယ်ဆို မနက်အစောထဖို့ မှာခဲ့ထားပြီးသား။ ဒါကို Taehyung ကော သူ့ရဲ့ရည်းစားကောင်ကကော မထသေးပေ။

ကိုယ့်ရဲ့ ဒေါသကို သိပ်စမ်းလွန်းတယ် Lolita။

ရှေ့က ကော်ဖီခွက်က အေးစက်လွန်းနေပြီကြောင့် Jungkook ဒေါသကို ပိုထွက်အောင် လုပ်နေသလိုမျိုးပင်။

Ethan ကအကြောင်းသိသူမို့ Jungkook ဘေးနားတွင်ထိုင်ကာ Taehyung တို့နှစ်ယောက်အား စောင့်နေသည်။

မနေ့ညက ညစာစားအပြီး Jungkook က Taehyung နဲ့ William ကိုမနက်အစောထရမည့်စည်းကမ်းတစ်ခုကို ကြိုတင်ပြောပြထားပြီးသား။

မနက် 7 နာရီဆို မနက်စာစားရန် ထမင်းစား'စားပွဲကို အရောက်ဆိုတာလည်း တစ်ခါတည်း ပြောပြထားသည်။

သို့ပင်မဲ့ စနေတဲ့ နေ့ကတည်းက Taehyung သည်စည်းကမ်းကို မလိုက်နာပေ။ Taehyung ရဲ့ရည်းစားကောင်ကိုတော့ Jungkook သည်စာရင်းထဲ မရှိပေ။

Taehyung မျက်နှာကြောင့် အပေါ်ယံစကားပြောခြင်းဖြစ်ပေသည်။

William ရဲ့လက်ကိုကိုင်ကာ ထမင်းစားခန်းထဲသို့ ဝင်လာသည့် Taehyung...

Jungkook ရဲ့မျက်ထောင့်နီအကြည့်ကို Taehyung သည်မြင်လျက် လျစ်လျူရှူလျက်ပင်။

တကယ်ဆို အိပ်မပျော်ခဲ့တာ။

နေ့ညအပြောင်းအလဲကြောင့် အိပ်မပျော်ခြင်းဖြစ်ပေသည်။ အဲ့တာမို့ကြောင့် လူကခေါင်းကိုက်နေတာဖြစ်သည်။

Jungkook ကိုလျစ်လျူရှုလိုက်ကာ Jungkook ရဲ့တစ်ဖက်ဘေးတွင် ဝင်ထိုင်လိုက်သည်။

Ethan ကကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး William ကကျွန်တော့်ရဲ့ဘေးတွင်ဖြစ်သည်။

"ဘယ်အချိန်ရှိနေပြီလဲ Taehyung..."

လက်က နာရီကို တစ်ချက်ကြည့်ရင်း Jungkook ကိုပြန်ပြောလိုက်သည်။

"8နာရီခွဲ..."

ရှေ့က ကော်ဖီခွက်ကို လှမ်းယူလိုက်တော့ Jungkook ကပေးမယူလေဘဲ ကော်ဖီခွက်တစ်ဖက်သို့တွန်းလိုက်သည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now