Part 26

11K 701 18
                                    

Unicode

"မချစ်ဘူး...Taehyung ...ကိုယ်မင်းကို မချစ်ဘူး"

Jungkook ၏ ထိုစကားကြောင့် ရင်နာနာပြုံးပြလိုက်သည်။ မချစ်ဘူးဆိုတဲ့စကားလုံးက ကြားလိုက်ရတဲ့သူအဖို့ တကယ်ကို ဝမ်းနည်းစရာ နာကျင်စရာ ခံစားချက်ရသည်ဘဲ။

လက်နှစ်ဖက်လုံး Jungkook ရဲ့လည်ပင်းပေါ် သိုင်းဖက်လိုက်သည်။ ထို့နောက်တွင် သူ့ရဲ့ခန္ဓာကိုယ်ကို Jungkook ၏ပေါင်ပေါ်တွင် တက်ထိုင်လျက်။

ထို့နောက်တွင် Jungkook ၏ နှုတ်ခမ်းပါးလေးကို သူ့ဘက်က စပြီး နမ်းရှိုက်လိုက်သည်။

အသက်ရှူသံပြင်းပြင်း။ ခန္ဓာကိုယ်နှစ်ခုကြားရဲ့ နွေးထွေးမှု။ အနမ်းများသည် ရပ်တန့်ခြင်းမရှိဘဲ Jungkook ဘက်က တုံ့ပြန်ခဲ့သည်။

မေ့နေခဲ့ပင်မဲ့ အနမ်းတွေကိုတော့ မမေ့ခဲ့ပါဘူး။ Jungkook ရဲ့ နှလုံးသားထဲမှာ Taehyung ဆိုတာ အမြဲတမ်းရှိနေခဲ့ပြီးသား။ အဲ့တာလည်း သူယုံသည်။

နမ်းနေရင်းမှ Jungkook သည် သူ့ကိုတွန်းဖယ်လိုက်ကာ ရေချိုးခန်းထဲမှ ထွက်သွားသည်။

ကျန်ခဲ့သည့် သူ့ကို တစ်ချက်ကလေးမှ လှည့်မကြည့်ခဲ့ပေ။ ရင်နာနာ အပြုံးက တကယ်ကို ဝမ်းနည်းမိလွန်းလို့။

ရေကန်ထဲကနေထွက်ပြီး စိုနေသည့် အဝတ်အစားတွေကို ချွတ်ကာ သပတ်ကို ပတ်လိုက်ပြီး ရေချိုးခန်းထဲကနေ ထွက်လာသည်။

Jungkook ကိုမြင်တော့ ဘောင်းဘီလည်း ဝတ်ပြီးသလို အင်္ကျီတောင် ဝတ်နေလေပြီ။ သူထုတ်ပေးခဲ့သည့် အဝတ်အစားတွေကိုတော့ မငြင်းဘဲ ဝတ်တာဘဲ။ အနည်းငယ်တော့ ကျေနပ်မိပါတယ်။

ဝတ်မည့် အဝတ်အစားကိုထုတ်ပြီး လဲလိုက်ကာ Jungkook ကိုကြည့်လိုက်တော့ ကုတင်ပေါ်တွင် Laptop ဖွင့်ကာ ထိုင်နေသည်။ အလုပ်လုပ်တော့မို့ ထင်ပါရဲ့။

"ကျွန်တော် ညစာစားမဲ့ အချိန်ကျရင် လာခေါ်မယ်နော် Jungkook "

"အင်း"

Jungkook ရဲ့တုံ့ပြန်မှုကို အပြုံးဖြင့် အသိအမှတ်ပြုလိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

...

"ရုံးထွက်စာတင်လိုက် Ethan"

"ရဲချုပ်ကို သတ်တဲ့အမှုရယ်...ဆရာ့ကို ကြံစည်တဲ့အမှုရယ်နဲ့ဆို မြို့တော်ဝန်ကို ထောင်ချဖို့လုံလောက်နေပြီ...ကားမောင်းလာတဲ့သူကိုလည်း ကျွန်တော်ဖမ်းဆီးပြီး ထိန်းသိမ်းထားတယ်...ရဲချုပ်ကို သတ်တဲ့အမှုက ကျွန်တော်ကိုယ်တိုင် မျက်မြင်သက်သေလုပ်လို့ရတယ်...ရုံးထွက်စာ တင်စရာမလိုဘူး"

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now