Part 11

13K 843 30
                                    

Unicode

"မင်းနဲ့ကိုယ်နဲ့တွေ့ပြီပေါ့ Taehyung"

စကားတစ်ခွန်းတည်းကိုက ဒေါသအငွေ့အသက်တွေ ရိုက်ဟပ်နေသည်။ အခန်းထဲရောက်သည်နှင့် ကုတင်ထက်၌ ခပ်ကြမ်းကြမ်း ပစ်ချလိုက်တော့ မျက်နှာထက်၌ နာသွားသလိုမျိုး ရှုံ့မဲ့လာသည်။

ခွင့်မလွှတ်နိုင်ဘူး။ မျှော်မှန်းထားသည့် အရာက သူ့ကိုချစ်တယ်လို့ပြောမယ်ထင်ခဲ့တာ။ ချစ်တယ်လို့ မတုန့်ပြန်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ အသိအမှတ်ပြုမယ်ထင်ထားခဲ့တာ။

Taehyung ရဲ့မြင်ကွင်းမှာ သူကတစ်ခြားတစ်ယောက်ဖြစ်နေခဲ့သည်က လုံးဝကို ခွင့်မလွှတ်နိုင်စရာဖြစ်ရပ်ဘဲ။ အလကား သူ့ကို ိအသဲနာအောင်လုပ်တာ။ ဒီလူ့က နာသလောက် ခွင့်လွှတ်ပေးစရာမရှိဘူး။

ကိုယ်နာသလောက် မင်းလည်း နာရမယ်ဆိုသည့် အတ္တမျိုး။ 

ကုတင်ထက်၌ ပြန်မှေးစက်သွားသည့် ဖယောင်းအရုပ်လေးကို ကြည့်နေမိသည်။ ဒီတိုင်းအေးစက်စက်ပုံသွင်းရင် အရာမပြုတာမို့...မီးလိုအပ်နေတာ။

Taehyung ကဖယောင်းငယ်ဆိုရင် သူက ပြုလုပ်ပေးမည့် မီးစ။ စိတ်ရှိတိုင်းဆိုရင် ကျိုးကြေကုန်မှာ။ လူသတ်မိမှာ။ သူချစ်တယ်လို့ပြောတဲ့ကောင်က မျက်စိရှေ့မှာတင်ရှိနေခဲ့ရင် ရစရာမရှိအောင် လုပ်မိမှာ။

ဒေါသထွက်နေလွန်းလို့ မျက်ဝန်းတွေက မီးတောက်နေခဲ့သလို တိတ်ဆိတ်နေသည့် အခန်းထဲ၌ Taehyung ရဲ့ ခပ်အေးအေး အသက်ရှူသံငြိမ်ငြိမ်ကြားက Jungkook ရဲ့အသက်ရှူသံပြင်းပြင်း။

အခန်းထဲဗီရိုထဲရှိ အရက်ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ဒီအတိုင်းသာ မော့သောက်လိုက်သည်။ တစ်ညလုံး အိပ်မနေခဲ့ဘဲ ကုတင်ထက်က ဖယောင်းအရုပ်ငယ်လေးကို ဒေါသကြီးစွာ ထိုင်ကြည့်နေခဲ့တာ။

အပြစ်ပေးဖို့ နည်းတွေက စဉ်းစားနေခဲ့သလို။ အသားနာမှ ပြောင်းလဲမယ့်အရာတွေကို မကြိုက်ပင်မဲ့

Taehyung ကတော့ သူ့ကို ကြောက်ဖို့လိုသည်။ သေချာပေါက် တစ်ခြားတစ်ယောက်ကို အချစ်ရိပ်တွေပေးမနေခဲ့အောင် သူ့ကို ကြောက်ဖို့လိုသည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now