Part 29

12.7K 755 41
                                    

Unicode

ဖြည်းညင်းစွာ ပွင့်လာသည့် မျက်ဝန်းလေးက ရှေ့မှာရှိနေသည့် Jungkook ရဲ့မျက်နှာကို နူးညံ့စွာ ကြည့်နေမိသည်။

နေ့ချင်းညချင်း စိတ်ဆိုးနေကြရင်းက အတူတူနေမိသည်အထိ ရူးမိုက်နေကြတာဘဲ။ နှစ်ယောက်လုံးရဲ့ ကလေးဆန်မှုက ဘယ်လောက်တောင် သိသာနေရတာလဲ။

Jungkook ရဲ့ ပါးကို Taehyung ရဲ့ လက်သွယ်သွယ်လေးဖြင့် ကိုင်ကာ နှာခေါင်းလေးကို နမ်းသည်။ အမြင်ကပ်မိသည့်လူတစ်ယောက်ကို ချစ်မိသွားတာက ဆန်းကြယ်လိုက်တာ။

ထိုအချိန်တွင် ဖွင့်လာသည့် Jungkook ၏မျက်လုံး။ ရှက်တာကော လန့်တာကော ပေါင်းကာ ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။ ခါးကိုတင်းကျပ်စွာ ဖက်သွယ်လာသည့် Jungkook ရဲ့လက်။

လည်တိုင်ကို နမ်းသည်။ ပါးလေးကိုလည်း မွှေးကြူးသည်။ ကျေနပ်စရာဘဲ။ နမ်းခံရတာကို ကြိုက်တယ်။ အထူးသဖြင့် Jungkook နမ်းတာကို ပိုလို့တောင် ကြိုက်မိတယ်။

လှည့်ထားသည့် သူ့ရဲ့လည်ပင်းထံသို့ Jungkook ရဲ့ ခေါင်းက တိုးဝှေ့သည်။ ရင်ခုန်လိုက်တာ။

"Taehyung"

အိပ်ရာထခါစ အသံမို့ အနည်းငယ်ဝါးနေသည်။ သို့ပင်မဲ့ ကြိုက်တယ်...နားထောင်လို့ကောင်းတယ်။

"အင်း..."

"နည်းနည်းကြောင်တောင်တောင် နိုင်ပင်မဲ့..."

"ဘာဖြစ်လို့တုံး"

"ကိုယ်...ကိုယ်တို့ တွဲကြမလား"

Jungkook ၏ ထိုစကားကြောင့် ရှက်မိသွားကာ ပြုံးရင်း ပြန်လှည့်လိုက်ပြီး ပြန်ပြောမိသည်။

"ဘာ... ကျွန်တော်တို့က လက်ထပ်ထားပြီး..."

"သိပါတယ်...ကိုယ်သိပါတယ်...အဲ့လူမှုရေးအရတွေ မေ့ထားပြီး ဒီတိုင်း တွဲကြည့်ကြမလား"

အနည်းငယ် အသံထွက်ကာ ရယ်မိသည်။ 

"ကိုယ်ပြောတယ်မလား...ကြောင်တောင်တောင် နိုင်ပါတယ်ဆို"

"မဟုတ်ပါဘူး...ခံစားလို့ကောင်းပါတယ်..."

Jungkook ရဲ့ နှုတ်ခမ်းကို မော့နမ်းသည်။ တကယ်ကို ခံစားချက်တွေက သစ်ဆန်းနေတာ။ နေလို့ကောင်းသလိုမျိုးဘဲ။ အချစ်ဦးနဲ့ လက်ထပ်လိုက်ရတဲ့ ခံစားချက်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now