Part 9

12.9K 862 14
                                    

Unicode

နွေးနွေးထွေးထွေး အိပ်နေရင်း တန်းလန်းမှ ဘေးနားက နှိုးစက်ကြောင့် မျက်မှောင်ကုတ်ကာ ခေါင်းအုံးကို မပြီး နားပေါ်သို့ တင်ကာ ဖိလိုက်သည်။

အကြိမ်ကြိမ် အော်မြည်နေသည့် နာရီကို ယူလိုက်ကာ နံရံထက်ကို ပစ်ပေါက်လိုက်ပြီး စိတ်ကုန်သလိုမျိုး Taehyung ငြီးငြူလိုက်သည်။

မနက် 5 နာရီ...လုံးဝ မိုးစင်စင် မလင်းသေးပေ။ ဒါကို ဘယ်သူများ ဘေးနားကလာပြီး နာရီကို လာထားခဲ့ပြီး နှိုးစက်လုပ်ခဲ့ရတာလဲ။ စိတ်ကုန်စရာဘဝ။စောက်သဲက ကွဲနေပါတယ်ဆို အိပ်ရေးက လုံးဝ ဝအောင် အိပ်လို့မရခဲ့။

အခန်းပုံစံအနေအထားကို ပြန်ကြည့်လိုက်မှ သူ့ရဲ့အခန်းဟုတ်မနေဘဲ Jungkook ရဲ့အခန်းဖြစ်နေသည်။

ဟုတ်ပါရဲ့...မနေ့ညက Jungkook သူ့ကို ပွေ့ချီပြီး ဒီအခန်းထဲ ခေါ်လာခဲ့တာကို။ ငိုထားတာမို့လို့ မျက်ခွံတွေ လေးလံပြီး ခနလေးအတွင်းမှာ အိပ်ပျော်သွားခဲ့တာ။

ဘေးနားက တွန့်ကျေနေပြီး အနွေးဓာတ်ရှိနေသေးသည်က ခေါင်းတစ်ခုလုံးကို မီးရှို့လိုက်သလိုမျိုးဘဲ။

မနေ့ညက Jungkook ကလည်း ဒီအိပ်ရာအပေါ် အိပ်ခဲ့တာပေါ့။ ရှက်စိတ်ကော ဒေါသကောက ပေါင်းစည်းလာပြီး မျက်နှာတစ်ခုလုံး နီးမြန်းလာသည်။

Jungkook ပြောခဲ့သလိုပါဘဲ။ မင်းစိတ်ဆိုးရင် ဖြူဖွေးနေတဲ့ မျက်နှာက နီးမြန်းလာတယ် ဆိုတာက အမှန်ပါ။

ထိုစဉ် ရေချိုးခန်းထဲမှ ခါးကို တပတ်ဖြင့် ပတ်ထားကာ ထွက်လာသည့် Jungkook ကြောင့် Taehyung ရဲ့ စိတ်အစုံကော မျက်ဝန်းပါ Jungkook ထံသို့ ရောက်ရှိသွားသည်။

ခန္ဓာကိုယ်ထက်က ရေစက်တွေက မိုးရေလိုမျိုး နေရာယူထားသည်။ ဆံပင်က စိုနေမှုကြောင့် ရေစက်လေးတွေက တွဲခိုနေသည်။

မုန်းစရာကောင်းပင်မဲ့ Jeon Jungkook ကတကယ်ကို ချောတာ။ လုံးဝကို ချောတာ။

"နှိုးပြီဘဲ"

Jungkook ကပြောရင်း ကျိုးပဲ့နေသည့် နာရီကို ကောက်ကာ စားပွဲပေါ်တင်လိုက်သည်။ ထို့နောက်တွင် Taehyung ကိုတစ်ချက်စိုက်ကြည့်ပြီး အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now