Part 4

14.9K 1K 21
                                    

Unicode

ရုံးခန်းထဲ၌ စာရင်းစစ်နေရင်း တံခါးကိုမခေါက်ဘဲ ခွင့်မတောင်းဘဲ ဝင်လာသည့် ကောင်လေး။

အရေးစိုက်မနေဘဲ ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေတော့ ရှေ့တည့်တည့်ကိုလာရပ်ကာ လက်ပိုက်နေရင်း တည်တန့်နေသည့်မျက်နှာဖြင့် Jungkook အားစိုက်ကြည့်သည်။

ဘာကိစ္စရှိလို့လဲဆိုတာ အထူးတလည် မေးမနေတော့ဘူး။ သေချာပေါက် ကျောင်းကိစ္စလာပြောတာဖြစ်သည်။

"ပြောစရာရင် ထိုင် Taehyung"

"အဲ့လောက်မအားဘူး...ပြောပြီးတာနဲ့ သွားမှာမို့လို့"

"ကောင်းပြီ...ပြော...ဘာအလိုရှိလို့လဲ"

"ကျွန်တော်ကျောင်းအပ်ဖို့အတွက် အုပ်ထိန်းသူလိုတယ်...လက်ရှိ ခင်ဗျားက ကျွန်တော့်အုပ်ထိန်းသူ...အဲ့တာမို့ကြောင့် ကျွန်တော့်ကို ကျောင်းလိုက်အပ်ပေး"

Taehyung ၏ စကားကြောင့် Jungkook သည်လက်ထဲက ဖိုင်ကိုချလိုက်ကာ Taehyung အားစိုက်ကြည့်လာလေသည်။ 

မှတ်ဥာဏ်ထဲ၌ Taehyung ရဲ့ပုံရိပ်ကို မှတ်ယူနေသလိုမျိုး။ ပန်းချီကားတစ်ချပ်ကို ဆွဲနေသလိုမျိုး။

မျက်ဝန်းထဲ၌ Taehyung ရဲ့ပုံရိပ်တစ်ခုသာ ရှိနေအောင်လိုမျိုး။ သခင်က ပန်းကိုပျိုးဖို့အတွက် အသေးစိတ်က မှတ်ယူနေသလိုပုံစံမျိုးဖြင့် အကြည့်။

"တော်တယ်...မင်းအတွေးထဲမှာ ကိုယ်ကမင်းအုပ်ထိန်းသူဆိုတာ သိနေလို့...ဒါပေမဲ့..."

ရပ်တန့်သွားသည့် Jungkook ရဲ့စကားကြောင့် လှုပ်ရှားသွားသည့် မျက်ဝန်းအိမ်ငယ်လေး။ ဆက်ပြောလာမည့်စကားတွေကို စောင့်ဆိုင်းနေမိသလို။

"မင်းက ကိုယ့်စည်းကမ်းတွေ လိုက်နာရမယ်...ကိုယ်ထားသလိုနေရမယ်...မင်းရဲ့အုပ်ထိန်းသူက ဘယ်သူဆိုတာ မင်းခေါင်းထဲ မြဲမြဲမှတ်ထားရမယ်"

"ကျွန်တော်က ထိန်းချုပ်မှုကို မကြိုက်ဘူး...ဒီနေ့ ဒီအချိန်ထိလည်း မည်သူမှ ကျွန်တော့်ကိုမထိန်းချုပ်ဖူးဘူး...မိဘတွေကအစပေါ့"

သူဘယ်သိမလဲ...ဒီကကောင်က မည်သူ့ကိုမှ ထိန်းချုပ်ခွင့်မပေးထားတာကို။ ဆုံးမခွင့်ကို မပေးထားတာ။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now