Unicode
နေမကောင်းဖြစ်လိုက်တာက သုံးရက်လောက်မို့ ကျောင်းလည်းပျက်သလို ကျောင်းစာတော်တော်များများလည်း လွတ်သည်။ တကယ်ကို စိတ်ဒုက္ခ။ အပျင်းဆုံးက လွတ်သွားသည့် စာတွေကို အထူးတလည် ပြန်မလုပ်ချင်တာ။
ခင်တဲ့သူလည်း မရှိသည်မို့ စာတွေပြန်လုပ်ဖို့အတွက် ဆရာ့အကူအညီယူရန် အားတဲ့အချိန် ဆရာတွေရဲ့ ရုံးခန်းကို ပြေးရမှာဖြစ်သည်။ တွေးနေရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး လေကားဘက်ကို ကြည့်လိုက်တော့ ဆင်းလာသည့် Jungkook။
ရှပ်အပြည့်နှင့်မို့ အလုပ်သွားတော့မယ်ဆိုတာ အသေအချာ။ နေမကောင်းဖြစ်နေသည့် ရက်တွေလည်း Jungkook သည် အလုပ်ကို မသွားခဲ့ဘဲ သူ့ဘေးနားတင် အလုပ်လုပ်နေခဲ့တာ။ အခုဆိုရင် နှစ်ယောက်လုံးက တစ်ခန်းတည်းကို အတူတူသုံးနေတာမို့ အတူတူရှိနေတာက များသည်။
ဒါပေမဲ့ Jungkook ကသိပ်မအိပ်ပေ။ ကြည့်လိုက်သည့်အချိန်တိုင်း မြင်လိုက်ရသည့်အချိန်တိုင်း ဆိုဖာပေါ်တွင် Laptop တစ်လုံးနဲ့ ဖုန်းတစ်လုံးနဲ့ အလုပ်လုပ်နေတာဖြစ်သည်။
ကားသော့ကို ကိုင်လာသည်မို့ သူကကျောင်းလိုက်ပို့မှာပေါ့။ Ethan ကကျောင်းလိုက်မပို့ဘူးလား။
Jungkook နဲ့အတူ သွားတာထက်စာရင် Ethan နဲ့ အတူတူသွားတာက အနည်းငယ်သက်တောင့်သက်သာရှိသည်။ ရိုက်ပြီးသည့်နေ့ကတည်းက ယခုအထိ Jungkook ကို စကားဆယ်လုံးပြည့်အောင် မပြောဖြစ်တော့ပေ။ မပြောတော့တာဆို ပိုမှန်လိမ့်မယ်။ စိတ်ဆိုးတာမဟုတ်ပင်မဲ့ နောက်ထပ်ဒီလိုအဖြစ်အပျက်မျိုးကို ပြန်မလိုချင်လို့။
အခုမှ အနာတွေပျောက်ခါစ ရှိသေးတယ်ဆိုပင်မဲ့ ထပ်ပြီး မလိုချင်တော့ဘူး။ အမေက နောက်ကနေ တုတ်ကိုင်ပြီး လိုက်နေသလိုမျိုး ခံစားချက်ကို ရသည်။
မနက်စာက အစောကြီးကတည်းက အခန်းထဲမှာ ယူလာပြီး Jungkook ကိုယ်တိုင်ကျွေးသည်မို့ စားခဲ့ပြီးသားဖြစ်သည်။ လွယ်အိတ်ကို လွယ်လိုက်ရန်ပြင်တော့ လက်ထဲကနေ Jungkook ကဆွဲယူသွားသည်။
ထို့နောက်တွင် အပြင်ထွက်သွားသည်မို့ နောက်ကနေ ခပ်မြန်မြန်လိုက်သည်။ ကားထဲဝင်လိုက်သည်နှင့် နှင်းဆီရနံ့က ကူးသွားသည်မို့ အနည်းငယ် လန်းဆန်းသွားသယောင်။
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?