Unicode
"ကိုယ်မင်းအသားကိုမထိရသေးဘူး...ဒါပေမဲ့ မင်းကထိရှလွယ်လိုက်တာ"
Jungkook ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် Taehyung သည်ရှက်မိသွားကာ Jungkook ရဲ့ရင်ဘတ်ကို မသိမသာတွန်းလိုက်တော့ တစ်ဖန်လက်ကို ဆုပ်ကိုင်လာသည်။
ရှက်တာလား..မကြိုက်တာလားဆိုရင် သေချာပေါက် မကြိုက်တာပါ။ ဒီလို ပိုင်ဆိုးပိုင်နင်းလုပ်လိမ့်မယ်လို့လည်း မထင်ခဲ့တာ။
Jeon Jungkook ကဘာဖြစ်ချင်နေတာလဲ။
Taehyung မျက်နှာကို စိုက်ကြည့်နေခြင်းကြောင့် ရှက်လာကာ ချောင်းဟန့်လိုက်တော့ Jungkook ကရယ်သည်။
"ဦးနှောက်သေးသေးလေးကနေ အရမ်းမတွေးနဲ့...တစ်ခုဘဲ ခေါင်းထဲထည့်ထား...ဖြစ်လာသမျှ လက်ခံရမယ်ဆိုတဲ့အတွေး"
စကားပြောတာက အထက်စီးက။ အုပ်ထိန်းသူဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ။
ထိုသို့ တစ်ခွန်းတည်းပြောကာ ဆုပ်ကိုင်ထားသည့် Taehyung ရဲ့လက်အားလွတ်ပေးလိုက်ပြီး နောက်ပြန်ဆုတ်သွားသည်။
အလကား လူကိုသက်သက်လာစနေတာ။ Jeon Jungkook ဆိုတဲ့သူက တကယ်မုန်းစရာ။
ကားကိုဆောင့်ထွက်ကာ အမြန်နှုန်းဖြင့် အိမ်ပြန်သည်။ မသက်သာမှုကြောင့် သူ့ကိုလည်း မျက်နှာချင်းမဆိုင်သလို တစ်ဖက်သို့သာ လှည့်နေလိုက်သည်။
ဖြစ်နိုင်ရင် ကျောင်းသာမြန်မြန်ပြီးလိုက်ချင်သည်။ အဲ့လောက်အထိပါဘဲ။
အိမ်ရောက်တာနဲ့ ကားပေါ်က Jungkook မဆင်းမီ Taehyung သည်အမြန်ဆင်းကာ လမ်းကိုအမြန်လျှောက်ရင်း အိမ်ထဲသို့ဝင်သွားလိုက်သည်။
နောက်ကထွက်လာသည့် William ကိုမြင်သည်နှင့် စိတ်လှုပ်ရှားနေသည့် မျက်နှာထားကို ထိန်းလိုက်ကာ ပြုံးလိုက်သည်။
ချစ်သူကိုတော့ စိတ်ဒုက္ခမပေးချင်ပါ။ တကယ်တော့ ကားပေါ်က အဖြစ်အပျက်တွေက ခေါင်းထဲတစ်ဝဲဝဲလည်နေတာ။
Taehyung ကိုမြင်သည်နှင့် William သည် Taehyung နားလာကာ ဖက်လိုက်ရင်း နားထင်ထက်သို့ အနမ်းခြွေလိုက်သည်။
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?