Part 13

13.5K 824 6
                                    

Unicode

စားပွဲပေါ်၌ ပြန့်ကျဲကာ ချထားသည့် အဖြူမှုန့်တွေကို Candy ရဲ့ အထဲတွင် လျို့ဝှက်စွာ ထည့်နေကြသည်။ သေချာပေါက် ဘိန်းဖြူတွေပေါ့။ မှောင်ခိုဖြန့်ချီကြတာမို့ လျို့ဝှက်စွာ ကလပ်တစ်ခု၏ မြေအောက်ခန်းထဲတွင် အလုပ်သမားတစ်ချို့နှင့် လုပ်ကိုင်နေကြတာဖြစ်သည်။

ဘေးနားမှာ ထိုင်ကြည့်နေသည့် လူသည်ခပ်ပြုံးပြုံး။ 

ဘိန်းတွေက သူ့ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်။ မူးယစ်ဆေးသမားတွေက သူ့ကို ယစ်မူးအောင် ထပ်လုပ်နိုင်တယ်။ ငွေကတော့ သူ့ကို အာဏာပေးနိုင်တယ်။ 

မြို့တော်ဝန်ပွဲနေ့ကျရင် မအားလပ်တဲ့ရဲတွေကြားကနေ ဒါတွေကို ဖြန့်ချီမှာဖြစ်သည်။ မြို့တော်ဝန်ခန်းမကို အကုန်လုံးက ရောက်နေကြမှာမို့ ဒီကိစ္စကို မည်သူမျှ ခေါင်းထဲထည့်နိုင်ကြမှာမဟုတ်သလို သိကြမှာလည်း မဟုတ်ဘူး။

"အကုန်လုံးကို မသိသာစေနဲ့...အဓိက ကျောင်းသားတွေနားကို ရောက်ပါစေ"

"ဟုတ်ကဲ့ သူဌေး"

"Jeon Jungkook  ကိုဖိတ်လိုက်...မြို့တော်ပွဲကို သူရှိနေမှလည်း ဖြစ်မှာပေါ့"

"ဟုတ်ကဲ့ပါ သူဌေး"

ရှေ့မှာ ချထားသည့် ဘိန်းဖြူကို နေရာညှိလိုက်ပြီး သေချာရှူလိုက်သည်။ ထို့နောက်တွင် ခေါင်းကို မော့လိုက်ကာ ကျန်လက်စအမှုန့်နည်းနည်းလေးကို သွားမှာပွတ်လိုက်ပြီး နှာကို တစ်ရှုံ့ရှုံ့လုပ်လိုက်သည်။

ကောင်းလွန်းတော့သည့် အရသာခံစားမှုကြောင့် မျက်ဝန်းက မှေးမှိတ်နေသည်။ ထို့နောက်တွင် ပြန်လည်ထလာကာ Jungkook နဲ့ ပုံကိုကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

ပြန်တွေ့ကြပြီပေါ့ Jeon Jungkook။

ဆေးချိတ်ထားသည့် လက်သွယ်သွယ်လေးကို ပွတ်ကိုင်နေမိသည်။ နေ့လည် တစ်နာရီထိုးလုနေပြီ။ အခုထက်ထိ သတိမလည်သေးတဲ့ Taehyung ကရင်ပူအောင် လုပ်နိုင်သလို။

ကိုယ်ငွေ့အနည်းငယ်က ပိုပြီးတောင် ရင်ပူအောင် လုပ်နိုင်ပေသည်။ ရိုက်လိုက်တာအနည်းငယ်ဆိုပင်မဲ့ Taehyung က ထိရှလွယ်လိုက်တာ။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now