Part 8

13.6K 892 18
                                    

Unicode

အခန်းတံခါးကို မှီကာ ထိုင်နေမိသည်။ တစ်နေကုန် ပိတ်ခံထားရတာက မွန်းကျပ်လွန်းနေသည်။ အလုပ်သမားတွေကလည်း အစားစားဖို့အချိန်ကလွဲပြီး ထပ်ဝင်မလာခဲ့ပေ။

ဝင်လာသည့် အချိန် အကူအညီတောင်းတော့လည်း အရေးလုပ်ခြင်းမခံရ။ အလုပ်သမားတွေ အကုန်လုံးကလည်း သူတို့ဆရာနဲ့ စရိုက်အတူတူဘဲ။ တစ်ပုံစံတည်းကိုများ ရွေးပြီး ခန့်ထားရတာဆိုပြီး အောင့်မေ့ရသည်။

မှီထားရင်း အပြင်ကနေ တံခါးလော့ဖွင့်သလို အသံကြားလိုက်သည်မို့ မတ်တပ်ထရပ်လိုက်သည်။ သို့ပင်မဲ့ အခန်းတံခါးက လုံးဝပွင့်မလာသေးပေ။ 

သေချာပေါက် Jungkook ဆိုတာ အတပ်သိသည်။ တိတ်ဆိတ်ခြင်းက Taehyung ကို ဆုံးဖြတ်ခိုင်းနေသလို။ တကယ် နမ်းရမယ်မလား။ ထွက်ပြေးချင်စိတ်က ထွက်ပေါ်လာသည်။ လော့မချထားတော့တာမို့ သူမဝင်လာခင် အမြန်ပြေးထွက်လိုက်သင့်တယ် မလား။

တံခါးကို ဖွင့်ကာ ပြေးထွက်ရန်ပြင်တော့ ခါးကိုကိုင်ကာ အထဲသို့ ပြန်လည်ဆွဲခေါ်ခံလိုက်ရသည်။

"ကျစ်...Jeon Taehyung က ဉာဏ်များလိုက်တာ"

ခပ်တိုးတိုး လေသံက နားထဲသို့ ရိုက်ခတ်သွားသည်။ တစ်ကိုယ်လုံးက ရှိသမျှ ကြက်သီးမွှေးတွေ ထလာသလို ခံစားလိုက်ရသည်။

"ခင်ဗျား တစ်နေ့လုံး အခန်းထဲပိတ်ခဲ့တာလေ"

"ဒါက မင်းဆိုးလို့ ကိုယ်အပြစ်ပေးခဲ့တာ...ဒါလေးက အစသေးသေးလေးဘဲ ရှိသေးတယ် Lolita"

"ကျွန်တော့်ကို အဲ့နာမည်လုံးဝလာမခေါ်နဲ့"

ခါးမှာ ဖက်ထားသည့် လက်ကို အတင်းတွန်းလွှတ်နေရင်း Jungkook ရဲ့မျက်နှာကို စိုက်ကြည့်ကာ ပြန်လည်ချေပလာသည်။

"ဒီပုံစံက ကိုယ့်ကို ကြိုဆိုလိုက်တဲ့ပုံစံပေါ့...တကယ်ဆို ယောကျာ်းကို အနမ်းကို ကြိုဆိုရမှာလေ...ပြီးတော့ ကိုယ့်ကို နမ်းမှ မင်းဒီအခန်းထဲကနေ ထွက်ခွင့်ရမှာ Lolita"

မျက်မှောင်ကြုတ်ကာ Jungkook ရဲ့မျက်နှာကို ကြည့်နေခြင်းကြောင့် ပြုံးကာပြောလိုက်သည်။ အကြောစိမ်းလေးတွေ ထနေသည့် လက်က ခါးလေးကို တင်းကျပ်စွာ ပို၍ ဖက်လာသည်။ ရုန်းလေ တင်းလေ...

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now