Unicode
ဆေးရုံခန်းထဲကို အမြန်ပြေးဝင်လာမိသည်။ နှစ်ရက်ကျော်ပျောက်သွားခဲ့တာက Taehyung ကိုစိတ်ဆိုးဒေါသထွက်ပြီး ထားခဲ့တာမဟုတ်ဘဲ မတော်တဆဖြစ်ခဲ့တာတဲ့။
စောင့်မျှော်နေခဲ့တာ။ စိတ်ဆိုးပင်မဲ့ Jungkook မရှိဘဲ သူတကယ်မနေနိုင်ဘူး။
အခန်းထဲကို ဝင်လိုက်တော့ မာမီက Jungkook ကိုဆန်ပြုတ်ခွံနေပြီး ဒယ်ဒီက ဘေးနားမှာ ထိုင်နေသည်။
Taehyung ကို မြင်ကြတော့ ပြုံးပြသည်။ ပြန်ပြုံးပြလိုက်ပြီး Jungkook ကိုကြည့်လိုက်တော့ သူ့ကို ပြန်ကြည့်နေသည်။
Jungkook ကိုမြင်လိုက်မိတော့ ခံစားချက်က ပထမဆုံးရင်ခုန်ခြင်းတွေလိုဘဲ။ တကယ်လည်း ရင်တွေခုန်လာတာ။ ခေါင်းမှာစီးထားသည့် ပတ်တီးလေးက ဖြူဖွေးနေသည်။
နောက်ဆုံးသိလိုက်ရတာက သူ Jungkook မရှိဘဲ မနေနိုင်ဘူးဆိုတာပါဘဲ။
"Jungkook"
စိတ်ကို ထိန်းကာ အတတ်နိုင်ဆုံး တုန်ရီနေသည့် အသံကို ထိန်းရင် ကုတင်ပေါ်မှာ ထိုင်နေသည့် Jungkook ကိုခေါ်လိုက်သည်။
သူ့ကို Jungkook သည် ကြည့်သည်။ သူမိဘမဲ့ဖြစ်နေလည်း ကိစ္စမရှိဘူး။ သူ့ရဲ့အနားမှာ Jungkook ရှိနေရင်ဘဲ ရပြီ။
"သူက ဘယ်သူလဲ အမေ"
Jungkook အနားသွားမယ်အချိန်ကျတော့ Jungkook နှုတ်ကထွက်လာသည့် စကားတစ်လုံးသည် သူ့ကို ဓားနဲ့ထိုးလိုက်သလိုမျိုးဘဲ။
သူ့ကို ဘယ်သူလဲတဲ့လား။ Jungkook သူ့ကို မမှတ်မိဘူးလား။ ဝမ်းနည်းတာက ပိုလာပြီး မျက်ရည်တွေက အတိုင်းအဆမရှိကျလာသည်။ အော်ငိုတာက သူ့အကျင့်ဆိုပင်မဲ့ အခုအော်ငိုချင်နေတယ်။ ဒါပေမဲ့ အောင့်အီးကာ Jungkook ရဲ့မျက်နှာကို ကြည့်လိုက်တော့ သူ့ကို တစ်ခါမှ မမြင်ဖူးသည့် သူစိမ်းတစ်ယောက်လို ကြည့်နေသည်။
မာမီကို လှမ်းကြည့်လိုက်တော့ ငိုသည်။
"မာမီ...သူကျွန်တော့်ကို..."
"မဟုတ်ဘူး...Jungkook ကနေမကောင်းလို့ပါ...နေကောင်းရင် သားကိုမှတ်မိလာမှာပါ...ဆရာဝန်ကလည်း ယာယီမှတ်ဉာဏ်မေ့နေတာပါ...သားကို Jungkook ကချစ်တယ်...အနှေးနဲ့အမြန် သားကိုမှတ်မိလာမှာပါ"
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?