Part 19

13.1K 804 52
                                    

Unicode

အရက်အနည်းငယ်ဝင်ထားတာမို့ လူက အနည်းငယ်မူးနေခဲ့ပြီး ရီဝေဝေဖြစ်နေသည်။ ပွဲတစ်ခုလုံးက လူအနည်းငယ်ဘဲမို့လို့ အနည်းငယ်နေသားနေတာ။ ပွဲပြီးသွားပင်မဲ့ Jungkook က သူ့ရဲ့ဧည့်သည်တစ်ချို့နဲ့ ဒယ်ဒီနဲ့အတူ ဧည့်ခန်းထဲမှာ စကားပြောနေကြရင်း သောက်နေသည်။

မည်သူ့ကိုမှ မသိသလို ပင်ပန်းနေပြီမို့လို့ သူတို့နဲ့အတူ ထိုင်မနေတော့ဘဲ အခန်းဘက်သို့ တက်လာခဲ့သည်။ ရှန်ပိန်သောက်ထားခဲ့တာမို့ အနည်းငယ်မူးနေပြီး ပျို့သလိုလိုဖြစ်ကာ အန်ချင်နေတာ။

အခန်းထဲရောက်သည်နှင့် ဝတ်ထားသည့် အင်္ကျီအဖြူကုတ်ကို ချွတ်ကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ မူးနောက်နေတာမို့လို့ ရေချိုးမှကို အဆင်ပြေမှာ။ Bathtub ထဲကို ရေနွေးနွေးလေး ဖြည့်လိုက်ပြီး ဝတ်ထားသမျှကို ချွတ်လိုက်သည်။

ပြည့်လျှံလာတော့မည့် ရေကြောင့် ပိတ်လိုက်ကာ Bathtub ထဲဆင်းထိုင်လိုက်သည်။ ထို့နောက်တွင် ကျောမှီလိုက်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ ရေကြောင့် ခန္ဓာကိုယ်တွင်းက တင်းနေသည့် အကြောလေးတွေ ပြေသွားသလိုမျိုး ခံစားရသည်။

လက်နှစ်ဖက်ကို ဘောင်တွင်တင်ထားကာ Bathtub တွင် မှေးနေသည့် Taehyung က ဒီတိုင်းလေးတောင် ကြည့်ကောင်းနေစဲပါဘဲ။

အခန်းထဲကို ဝင်လာလိုက်တော့ တိတ်ဆိတ်နေခြင်းကြောင့် Jungkook မျက်လုံးတွန့်ချိုးသွားသည်။ အပေါ်တက်သွားတာ အခန်းထဲကို ဝင်မလာသေးဘူးလား Taehyung က။

မီးပိတ်ထားသည်မို့ မီးဖွင့်လိုက်တော့ ကုတင်ပေါ်က နှင်းဆီပန်းပွင့်ဖက်တွေပေါ်က အဖြူရောင်ကုတ်အင်္ကျီ။ ယူကိုင်လိုက်ပြီး ရေချိုးခန်းဘက်ကို သွားလိုက်သည်။

လော့မချထားသည်မို့ ညင်သာစွာ ဖွင့်ပြီးဝင်လိုက်တော့ Bathtub ထဲ၌ ရေစိမ်နေသည့် Taehyung။ ဆောင်းညကြီးကိုကွာ...အအေးပတ်ပြီး ဖျားတော့မှာဘဲ။

မျက်လုံးတွေမှိတ်ထားတာမို့ သူဝင်လာတာကို မသိသေးဘူး။ လက်မှာပတ်ထားသည့် နာရီက အချိန်ကြည့်လိုက်သည်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now