Part 2

16.9K 1.1K 42
                                    

Unicode

မိဘစကားအတိုင်း ကိုးရီးယားမှာ တက္ကသိုလ်တက်ဖို့အတွက် ချစ်သူလက်ကိုဆွဲကိုင်ကာ လေယာဉ်ပေါ်သို့ တက်ခဲ့လေသည်။

"William မင်းအဆင်ပြေရဲ့လား"

"မင်းပါနေတာဘဲ ကိုယ်အဆင်ပြေပါတယ်"

William ရဲ့စကားကြောင့် Taehyung သည်ပြုံးလိုက်ကာ ပါးအား နမ်းလိုက်လေသည်။

အထက်ကျောင်းနှစ်မှာ William နဲ့တွေ့ခဲ့တာ။ ပွေရူပ်တတ်ပင်မဲ့ ကျွန်တော်နဲ့တွဲကတည်းက အခုအချိန်အထိ မည်သူနဲ့မှ ထပ်မတွဲတော့ပေ။

ဤအရာဟာလည်း William ကကျွန်တော့်ကို တကယ်ချစ်လို့ မည်သူ့အပေါ်ကိုမှ စိတ်မယိုင်တော့တာ။ တကယ်ဆို ကိုးရီးယားကို William ကမလိုက်ချင်ခဲ့ပေ။

ကျွန်တော်ကိုယ်တိုင်လည်း တစ်ယောက်တည်း မသွားချင်မှုကြောင့် မရမက မဲဆွယ်ခဲ့ခြင်းဖြစ်ပေသည်။

William ရဲ့ပုခုံးပေါ် ခေါင်းလေးတင်လိုက်ကာ ကိုးရီးယားသို့ ဦးတည်ခဲ့သည်။

"သခင်လေးကို သွားကြိုလိုက်ရတော့မလား ဆရာ"

"မကြိုနဲ့"

"ဒါပေမဲ့...တစ်ခါမှမရောက်ဖူး..."

"သူအားကိုးဖို့အတွက် သူ့ရည်းစားကောင်ကို ခေါ်လာတယ်မလား...ဘယ်လောက်အထိ အားကိုးမလဲ ထိုင်ကြည့်အုံးမယ် Ethan...သူ့အပြစ်ဘဲမို့လို့ မင်းသွားကြိုဖို့မစဉ်းစားနဲ့"

"ဟုတ်ကဲ့ဆရာ"

အမေ့စကားကြောင့် ကလေးငယ်ရဲ့ ရည်းစားက ယောကျာ်းလေးတစ်ယောက်ဆိုတာ သိရှိခဲ့ပြီးပြီ။

ပထမဆုံးရွေးချယ်ခဲ့တာက ကိုယ်မဟုတ်ဘဲ တခြားသူစိမ်းယောကျ်ားလေးတစ်ယောက်ကို။ 

ဆိုးစမ်းပါ...မင်းဆိုးပြီးရင် မင်းဆိုးခဲ့သလောက် အရှိုးရာတွေ ထင်အောင်လုပ်ပေးမယ်။

ကိုင်ထားသည့် ဘရန်ဒီခွက်ကို တစ်ကြိတ်တည်း မော့သောက်လိုက်သည်။

အရက်သောက်ပြီး ရင်ပူတာက မင်းရင်ပူအောင်လုပ်နိုင်တာလောက် မပြင်းဘူး။

မင်းက အရက်ထက် ပြင်းလိုက်တာ Taehyung...

...

လေယာဉ်ဆင်းတော့ William လက်ကိုဆွဲကာ ထွက်လာခဲ့သည်။ ဒယ်ဒီနဲ့ မာမီပြောတော့ နေရမည့်အိမ်က လာကြိုမယ်လို့ ပြောခဲ့ပင်မဲ့ တကယ်တည်း ရောက်မလာခဲ့ပေ။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now