Part 6

13.4K 957 12
                                    

Unicode

ရှေ့က ချထားသည့် ဝတ်စုံကို ကြည့်ရင်း Taehyung သက်ပြင်းရှိုက်လိုက်သည်။ အဲ့နေ့ကတည်း...

အဲ့နေ့ကတည်းက သူသည် Jungkook ကိုမျက်နှာချင်းမဆိုင်ခဲ့တာပါ။ တခြားလက်ထပ်မဲ့သူကို သူကိုယ်တိုင်ကိုက နှစ်ဝင်ပြီး နမ်းရှိုက်ခဲ့မိတာ။

ဒီနေ့ စေ့စပ်ပွဲနေ့...အားလုံးဟာ အောက်ထပ်မှာ မအားလပ်ကြပေ။ အပြင်မှာ မိုးဖွဲဖွဲလေးကျနေတာက နှောင့်နှေးစေပြန်သည်။

ခြံဝန်းထဲမှာ လုပ်သည့် ပွဲသာဖြစ်လို့...မိုးရွာနေတော့ လုပ်ရပြုရတာ လုံးဝအဆင်မပြေဖြစ်နေကြသည်ကို အခန်းရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်နေသည်။

စိတ်ရူပ်မှုနဲ့အတူ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။

အားနာလိုက်တာ William ကို။ အားနာလိုက်တာ Jungkook နဲ့လက်ထပ်မဲ့မိန်းကလေးကို။

ပိုင်ရှင်ရှိသည့် သူသည် ပိုင်ရှင်ရှိသည့် Jungkook နဲ့နမ်းမိခဲ့တာ အားလုံးကို အားနာသည်။

အခန်းထဲမှ ထွက်ကာ William ရဲ့အခန်းကို သွားဖို့ဆင်းလာတော့ လှေကား၌ Jungkook ရဲ့ခြေထောက်ကို တွေ့မိသည်။

ခေါင်းငုံ့နေတာမို့လို့ ခြေထောက်ကို တွေ့မိတာ။ မျက်နှာချင်းမဆိုင်ချင်တာမို့ ဆက်လက်ခေါင်းငုံ့ထားရင်း ဆင်းလာခဲ့သည်။

ဘေးချင်းကပ်ရပ်ကနေ Taehyung ရဲ့လက်ကို Jungkook ကလှမ်းဆွဲသည်။

"ခေါင်းမော့ထား"

နားမလည်သလိုနှင့် ပြန်မပြောဘဲ Jungkook ကိုပြန်ကြည့်လိုက်တော့။

"ကိုယ့်ကို မမြင်ချင်လည်း ခေါင်းမော့ထားရမယ်...Jeon မျိုးရိုးက ဘယ်တော့မှ ခေါင်းမငုံ့တာမို့လို...ခေါင်းမော့ထား"

ခေါင်းမော့ခိုင်းတာကိုက အမိန့်တစ်ခုလိုပင်။ နှာမှုတ်လိုက်ကာ Jungkook ရဲ့လက်ကို ဆက်ခနဲ ဖြုတ်ချလိုက်သည်။

မိဘတွေတောင် ဒီနေ့ဒီအချိန်အထိ အမိန့်မပေးဘူးတာ...Jungkook ကဘာမို့လို့လဲ။

"ကျွန်တော့်က ဘယ်လိုငုံ့ငုံ့ ခင်ဗျားရဲ့အရေးကိစ္စမဟုတ်ဘူးထင်တယ်...ကိုယ့်ဘာသာကို ကိုယ့်ရဲ့သတို့သမီးကို ဂရုစိုက်နေစမ်းပါ...ခွင့်ပြုပါအုံး"

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now