Unicode
"နေ့လည်စာ ထည့်ပြီးပြီလား"
"ပြီးပါပြီ သခင်လေး"
အလုပ်သမားတစ်ယောက်ပေးလာသည့် ထမင်းချိုင့်ကို ယူပြီး Jungkook ရဲ့ Company သို့သွားသည်။
စိတ်ဆိုးနေမိပင်မဲ့ သူဟာ နေကောင်းတဲ့သူမဟုတ်လို့ ဂရုစိုက်ရမှာဘဲ။ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်နေပင်မဲ့ အဆိုးဆုံးတွေသာ ရောက်ရှိသည်။ တကယ်ကို ဆိုးလွန်းမနေဘူးလား။
အိမ်ရှေ့မှာ အဆင်သင့်စောင့်နေသည့် ကားပေါ်တက်လိုက်ပြီး ရုံးသို့ ဦးတည်လိုက်သည်။
Company ရောက်တော့ လူရူပ်နေသည်မို့ ကိုယ့်ဘာသာကို အပေါ်ထပ်ရုံးခန်းကို သွားဖို့ပြင်တော့ ဝန်ထမ်းမလေးတစ်ယောက်က Taehyung ရဲ့ ရှေ့ကို ရောက်လာသည်။
"အခုသွားလို့မရသေးပါဘူး Mr.Jeon"
"ဘာလို့လဲ...နေ့လည်စာစားဖို့ အချိန်ရောက်နေပြီလေ"
"သူဌေးအရေးကြီးတဲ့ အစည်းအဝေးတက်နေပါတယ်...စောင့်ပေးပါရှင့်"
"ဟုတ်ပါပြီ...ရုံးခန်းထဲမှာ စောင့်နေလိုက်မယ်"
"ဟုတ်ကဲ့ပါရှင့်"
ခေါင်းညိမ့်ပြလိုက်ပြီး ရုံးခန်းဘက်သို့ တက်လာခဲ့သည်။
ရုံးခန်းထဲ ဝင်လိုက်တော့ အနည်းငယ်သက်သာသွားသလို။ အပြင်က ရူပ်နေကြသည့် ဝန်ထမ်းတွေကြောင့် မျက်စိနှောက်ခေါင်းရူပ်သွားခဲ့တာ။
ထမင်းချိုင့်ကို စားပွဲပေါ်တင်လိုက်ကာ ထိုင်စောင့်နေမိသည်။
တစ်ဖြည်းဖြည်း ကုန်ဆုံးသွားသည့် အချိန်တွေ။ ရုံးခန်းထဲတွင် လမ်းလျှောက်လိုက် ထိုင်လိုက်နှင့်။
ရှိတဲ့စာအုပ်လေးတွေကို တစ်စနှစ်စ ယူလိုက်ဖတ်ကြည့်လိုက်ဖြင့် အချိန်ကို မေ့ဖျောက်ထားသည်။
အလှဆင်ပစ္စည်းလေးတွေကို ကိုင်ကြည့်ရင်း ပြုံးနေမိသည်။
အချိန်ကုန်သွားကာ ရုံးဆင်းချိန်လည်း ရောက်သလို ယူလာသည့် ထမင်းဟင်းတွေလည်း အေးစက်လို့နေသည်။ အစည်းအဝေးလုပ်တာ အဲ့လောက်တောင် ကြာရတာလား။
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?