Part 7

13.5K 930 13
                                    

Unicode

အနွေးဓာတ်ကြောင့် Taehyung သည် အိပ်ရာထက်မှ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။ နေရောင်နွေးနွေးက မျက်နှာပေါ် ကျရောက်နေတာက အနည်းငယ် နေလို့ကောင်းသွားသလို။

မနေ့ညက Jungkook ဘေးမှာ အိပ်ပျော်သွားခဲ့တာဘဲ။ စောင်ကိုဖယ်ကာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို သေချာပြန်ကြည့်တော့ အဝတ်အစားများ လဲပေးထားသည်။

အား..ရှက်လိုက်တာ။ မပြောမဆိုနဲ့ ထိကိုင်ပြီး လဲပေးသွားတာ။ တကယ် စိတ်တိုစရာဘဲ။

ခေါင်းနပန်းကြီးကာ ကုတင်ပေါ်မှ ထလိုက်တော့ ကိုယ့်ရဲ့အခန်းမဟုတ်ဘဲ Jungkook ရဲ့အခန်းဖြစ်နေသည်။ မနေ့ညက တစ်ညလုံး ဒီအခန်းထဲ ဒီအိပ်ရာထဲမှာ အိပ်ခဲ့တာပေါ့။ 

နဖူးပေါ် ကျနေသည့် ဆံပင်ကို သပ်တင်လိုက်ကာ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။ စိတ်က ရှက်သလိုလို ဒေါသထွက်နေသလိုလိုမျိုး ဖြစ်နေတာ။

ထိုစဉ် အခန်းတံခါးဖွင့်ကာ ရပ်နေသည့် သူနားလျှောက်လာသည့် အဖြူရောင်အရိပ်ကြောင့် ကြည့်လိုက်သည်။ သန့်ပြန့်နေကာ အလုပ်သွားတော့မည့်ပုံနှင့်။

သက်ပြင်းရှိုက်လိုက်ကာ ထိုအခန်းထဲမှ ထွက်သွားရန်ပြင်တော့ လက်တစ်ဖက်ကို အကြောစိမ်းတွေထနေသည့် လက်က ဖမ်းဆွဲထားသည်။

"နောက်တစ်ခါ လက်စွပ်ကို မချွတ်တော့ဘူးမလား"

Jungkook ရဲ့စကားကြောင့် အကိုင်ခံထားရသည့် လက်ကို ကြည့်မိလိုက်တော့ လက်စွပ်ရှိနေသည်။ လက်မခံတာကို အတင်းအကျပ်ပြန်ဝတ်ထားတာက တကယ်ကို စိတ်ရူပ်စရာ။

ဘယ်လိုနားလည်အောင် ပြောရမလဲ။ ချစ်သူရှိတယ်။ ခနဘဲ ကျောင်းလာတက်တာ...ကျောင်းပြီးရင် ချစ်သူရဲ့နေရပ်ကို ပြန်မှာလို့။ အဲ့လိုဘဲပြောလိုက်ရမလား။ ဒါမဟုတ် အခုဘဲ အမေရိက ကိုပြန်ရမလား။ 

စိတ်ရူပ်ထွေးနေသည့် မျက်နှာလေးကို Jungkook သည် ကြည့်နေလိုက်သည်။ ဘယ်လိုလုပ်မလဲ...စေ့စပ်ပြီးပြီမို့လို့ သေချာလူလက်ထဲ ထပ်မထည့်နိုင်ပါဘူး။ ဆိုးလာရင်တော့ ခြေထောက်နှစ်ဖက်ကို ရိုက်ချိုးပြီး အခန်းထဲမှာ သော့ပိတ်ထားလိုက်မယ်။

Dangerous Beautiful Love Pain (Lolita)Where stories live. Discover now