Unicode
Jungkook ၏ စကားကြောင့် မျက်လုံးပြူးကာ အံ့ဩနေမိသည်။ အခုက ရိုက်မလို့တဲ့လား။ ကလေးတွေလိုမျိုး ဘောင်းဘီချွတ်ပြီးတော့လေ။ တကယ်ကို မလုပ်နိုင်တာပါ။
ငြင်းဆန်မည်ပြုရန် ပါးစပ်ဟလိုက်ရုံဘဲ ပြင်တော့ ဖယောင်းတိုင်နှင့် မကြာသေးခင်ကမှ အပူပေးထားသည့် ကြိမ်လုံးကို လေထဲတွင် ဝေ့ရန်းပြသည်။ အလိုလိုနေရင်း တစ်ကိုယ်လုံး ကြိမ်းလာသလိုဘဲ။
တစ်ခါမှ အရိုက်မခံရဘူးသလို ဒီလိုအရိုက်ခံရလိမ့်မယ်လို့လည်း မတွေးခဲ့ဘူးတာ အမှန်ပင်။
"ဘာအပြစ်ရှိနေခဲ့လို့ ဒီလိုဆုံးဖြတ်ရတာလဲ...အရက်သောက်တာဆိုရင်တော့ ခင်ဗျားကိုယ်တိုင် ကျွန်တော့်ကို တိုက်ခဲ့တာ...ကျန်တာဘာမှလုပ်ထားတာမရှိဘူး"
ကြိမ်လုံးကို ခနလောက် ဘေးတွင်ချလိုက်ပြီး Jungkook ရဲ့မျက်နှာသည် Taehyung ရဲ့မျက်နှာအနားသို့ ဦးတည်လာပြီး အေးစိမ့်နေတဲ့ အပြုံးဖြင့် စိုက်ကြည့်သည်။
"စဉ်းစား...စဉ်းစားစမ်း Taehyung...မနေ့ညက မူးမူးရူးရူးနဲ့ မင်းကိုယ့်အချစ်ကို ဘယ်လိုတုန့်ပြန်ခဲ့လဲဆိုတာ...အမူးပြေနေပြီမို့ မင်းစဉ်းစားနိုင်မှာပါ...မကြာခင် မိုးလင်းတော့မယ်နော်...နေရောင်ထွက်လာလို့ ဒီတိုင်းဆိုရင် ဒီကြိမ်လုံးနှစ်လုံးအကျိုးဘဲနော်"
ထိုအခါမှ အမြန်ဆုံးနှေးကွေးနေသည့် စိတ်အစဉ်သည် အတိတ်သို့ ဦးတည်သည်။ မှုန်ဝါးဝါးနှင့် မြင်နေသည့် မြင်ကွင်းတွေက ခနအကြာ အသံတွေလည်း နားထဲ၌ ပြန်လည်ကြားယောင်ခဲ့သလို ဖြစ်ခဲ့သမျှကိုလည်း အသေးစိတ်မြင်လာခဲ့သည်။
Jungkook ကို အားနာသလို ကြည့်မိပြီး ဘာမှမပြောနိုင်လောက်အောင် ဖြစ်မိသည်။ တကယ်ဆို မနေ့က အသဲကွဲနေခဲ့လို့ ဒီလိုတွေဖြစ်ခဲ့တာ။
မူးနေရင်း Jungkook နေရာမှာ William ကို မြင်ယောင်နေခဲ့မိတာ။ ဒီတိုင်း အချစ်ကြီးမဟုတ်ခဲ့ပင်မဲ့ ချစ်တယ်လို့သာ ပြန်လည်တုန့်ပြန်ခဲ့တာ။
တကယ်တမ်း သူ့ကိုချစ်တယ်လို့ ဖွင့်ပြောခဲ့တာက William ဟုတ်မနေခဲ့ဘဲ Jungkook ဖြစ်နေခဲ့တာ။ စေ့စပ်ထားသည့် လူတစ်ယောက်က ကိုယ့်ရှေ့မှာတင် မူးနေခဲ့ပြီး တစ်ခြားသူတစ်ယောက်ကို ချစ်တယ်လို့ ပြောနေခဲ့တာ မည်သူက လက်ခံနိုင်မလဲ။
YOU ARE READING
Dangerous Beautiful Love Pain (Lolita)
Fanfictionသူပေးသည့် နာကျင်မှု...ရိုက်ခံထားသည့် အရှိုးရာတွေ တံဆိပ်တစ်ခုလိုပါဘဲ... ဤအရာတွေကို ဖန်တီးသူက ကျွန်တော့်ရဲ့ သက်ဆိုင်သူ Jeon Jungkook... ကျွန်တော်ဟာ Jeon Taehyung Jeon Jungkook ♡ Kim Taehyung Written by Ah_Moe ?