{^-^} Part [1]

3.5K 173 3
                                    

Unicode

" Mars ကျနော့်ကိုသွားခွင့်ပြုပါ။ ကျနော်ဒီမှာနေနေရတာ ခြောက်နှစ်ရှိပြီ."

ဖြူလွင်လွင်ဝတ်စုံနဲ့ကောင်လေးတစ်ယောက်သည် သူပိုင်ဆိုင်သည့် အဝါရင့်ရောင်ဆံနွယ်လေးများကို အကြမ်းပတမ်းဆွဲဖွ၍ စိတ်ရှုတ်နေသည့်ဟန်ဆိုလေသည်။

"သွားလေ မင်းကိုဘယ်သူကမသွားခိုင်းလို့လဲ baby."

ဘယ်သူမှမမြင်နိုင်သော ဖြစ်တည်မှုလေးတွေမို့ သူတို့ပြောနေတာတွေ မည်သူတစ်ဦးမှလည်းကြားမည်မဟုတ်ပေ။

"လက်စွပ်..လက်စွပ်ချွတ်ပေးလေ။ ဒီလက်စွပ်ကြီးဝတ်ထားရင် ကျနော်ဘယ်နေရာရောက်ရောက် နောက်ဆုံးဒီအိမ်ကြီးဆီပြန်ရောက်လာတာပဲကို။ "

အမှန်တကယ်ပင် jiminရဲ့ လက်ညိုးမှာ ပြာလဲ့လဲ့လက်စွပ်တစ်ကွင်းရောက်လာထဲက သူဒီအိမ်ကြီးဆီကနေလုံးဝထွက်ပြေးလို့မရပဲ ချောင်ပိတ်နေတာ ခြောက်နှစ်ဆိုတဲ့အချိန်ကာလကြီးတစ်ခုတောင်ကျော်ခဲ့ပြီးဖြစ်သည်။

"အဲ့လက်စွပ်ကတော့ ကိုယ်ချွတ်ပေးလို့မရဘူး။ ကိုယ့်ထက်မင်းကိုပိုချစ်တဲ့လူ နောက်ပြီးသူရဲ့ပထမဆုံးအနမ်းကမင်းဖြစ်နေမှ အဲ့ဒီအချိန်လက်စွပ်ကသူ့အလိုလိုပျောက်သွားလိမ့်မယ် ကိုယ်လဲဒါပဲပြောနိုင်တယ် baby "

"ခင်များထက်ကျနော့်ကိုပိုချစ်တဲ့လူကိုတွေ့ရအောင် ကျနော်ကဝိညဥ်လေ။ ဘယ်သူက ကျနော့်ကိုချစ်မှာလဲ "

ခင်များတို့ပဲ စဥ်းစားကြည့်။ ကျနော်က ဝိညဥ်။ အခြားဝိညဥ်တွေလာကြိုက်တယ်ပဲထား သူတို့က ကျနော့်ကိုချစ်တာမဟုတ်ပဲ ကျနော်ခန္ဓာကိုယ်ကိုပဲချစ်တာ။ Mars ချစ်တယ်ဆိုတဲ့အချစ်ထက်ကျနော့်ကိုပိုချစ်နိုင်တဲ့လူ ရှိနိုင်ပါ့မလား။ ထိုလူကပဲ ကျနော့်ကိုဒီဘဝကလွှတ်အောင်ကူညီပေးနိုင်လိမ့်မည်။

Mars က ကျနော့််ကို ချစ်ကြောင်းပြောထားတာ ခြောက်နှစ်နီးပါးရှိပြီ ဒါပေမယ့် ကျနော်ပြန်မချစ်ရဲဘူး။ မဟုတ်ဘူးချစ်ကိုမချစ်နိုင်တာဆိုပိုမှန်လိမ့်မည်။

Mars ရဲ့ အချစ်ကြီးကို ကျနော်ကြောက်တယ်။ မထင်ရင်မထင်သလို လက်တွေကိုကြိုးတုတ်ပြီး မကြည်ဖြူပဲ နှုတ်ခမ်းတွေကိုလည်း နမ်းသွားတတ်တယ်။  အချုပ်အနှောင်တွေကြားထဲမှာလည်း ပြစ်ထားတတ်တယ်။

Ghost...♥Where stories live. Discover now