{^-^} Part [28]

1.2K 106 6
                                    

"ပါးပါး ကိုလတ်နဲ့ဆို ကျနော်မလိုက်ဘူးနော်"

"သားငယ် ဘယ်လိုဖြစ်နေတာလဲ?ဘာလို့ သားလတ်ကို စိမ်းကားနေတာလဲ?အရင်ကကျတော့ ကိုလတ်မှကိုလတ်ဖြစ်နေတဲ့သူက အခု ဆိုးလ်ကိုတောင် အတူတူမသွားချင်တော့ဘူးလား"

"ပါးပါး မသိပါဘူး"

ကိုလတ်က ဘယ်လိုလူပါဆိုတာကို ပါးပါးတို့ကမသိတော့ ဖြေရှင်းဖို့ရာ အတော်ခက်သည်။

"သားလတ်နဲ့က ဘာဖြစ်လို့လဲ။ ကုမ္ပဏီရဲ့ ရှယ်ရှာရှင်အများဆုံးပုဂ္ငိုလ်နဲ့သွားတွေ့မှာကို။နောက်ကျရင် ကုမ္ပဏီက မင်းလက်ထဲရောက်လာမှာနော်။အခုကတည်းက လေ့လာစရာတွေလေ့လာထားမှ တော်ရာကျမှာ။လိုက်သွား!! မလိုချင်ဘူး!!"

"ဟာ...ပါးပါး"

"ကဲပါ သားလတ်ရယ် မင်းပါးပါးက မင်းကိုအတွေ့အကြုံရှိစေချင်လို့ပါ။လိုက်သွားလိုက်နော် သားငယ်လေးက လိမ္မာပါတယ်"

"ဒါဆို ကိုကို့ကိုရော အတူပေးလိုက်မှာလား"

"သားကြီးကမအားဘူးလေ။ဆေးရုံထိုင်ရတော့မှာ"

အမေရိကမှာ ခုနှစ်လောက် ဆေးကျောင်းတက်ပြီး ပြန်လာတော့ ဒယ်ဒီက ပုဂ္ဂလိက ဆေးရုံချက်ချင်းထောင်ပေးလိုက်သည်။ ဒီကြားထဲ အဆောက်အဦးတွေ ပြန်ပြင်နေလို့ ကိုကိုက အားနေပေမယ့် နောက်ဆို ဆေးရုံထိုင်ရတော့မည်။ဒါကြောင့် ဆိုးလ်ကိုသွားမယ့် ကိစ္စမှာ ကိုကို့ကိုမခေါ်နိုင်ပေ။

ကျနော် ကိုလတ်နဲ့ နှစ်ယောက်တည်းခရီးဝေးမသွားချင်ဘူး။အရင်က ကိုလတ်က ကိစ္စမရှိပေမယ့် အခုကိုလတ်က တစ်ခုခုဆို ကျနော့်ကို အမွေကိစ္စတွေပဲအမြဲပြောတတ်ပြီး စားမတတ် ဝါးမတတ်လိုက်ကြည့်နေတတ်သည်။ကျနော် အခုနောက်ပိုင်း ကိုလတ်ကို ယုံလည်းမယုံရဲတော့သလို ကြောက်လည်းကြောက်လာသည်။

"လိုက်သွားနော်..ဒယ်ဒီ့သားငယ်လေးက လိမ္မာရဲ့သားနဲ့.."

ဒီလောက်သွားခိုင်းနေတော့လည်း ဖြစ်ချင်ရာဖြစ်လိုက်သွားလိုက်တော့မည်။တစ်ခုခုဆိုမှ လာငိုရဲ လာငိုကြည့်။ပါးပါးကို ခွင့်မလွှတ်ဘူး။

"ပြီးရောဗျာ...လိုက်သွားမယ်။ဘယ်နေ့လဲ သွားရမှာက"

"နောက်တစ်ပတ် တနင်္လာ"

Ghost...♥Where stories live. Discover now