{^-^} Part [14]

1K 100 3
                                    

"Tae လေး နားနားနေနေ နေပါဦးလား။ ချက်ချင်းကြီးဘူဆန်လိုက်သွားမလို့လား"

"ဟီး..jungkook ကို surprize လုပ်ချင်ပြီမို့ပါ ဒယ်ဒီရာ။သူနဲ့တွေ့ပြီး သူ့ကိုပါ ဆိုးလ်ကိုပြန်ခေါ်လာခဲ့မယ်"

"ခေါ်လာခဲ့ ခေါ်လာခဲ့ အဲ့ကောင် ဘူဆန်သွားပြီးကတည်းက ဒယ်ဒီ့ဆီ တစ်ခါမှပြန်မလာသေးဘူး"

"ဟုတ် ဒယ်ဒီ ဒါဆိုကျနော်သွားပြီနော်"

"အေးအေး tae လေး ဂရုစိုက်ပြီးမောင်းဦး"

"ဟုတ် ဒယ်ဒီ"

Jeon ရဲ့ ဒယ်ဒီက ကျနော့်ကိုလည်း jeon လိုပဲ ဂရုတစိုက်ရှိလှသည်။ jeon ထက်တောင် ပိုရင်ပိုဦးမယ်။

ဆိုးလ်ကိုရောက်ရောက်ချင်း jeon တို့အိမ်ကိုသာ တန်းလာခဲ့သည်။jeon တို့အိမ်နဲ့ ကျနော်တို့အိမ်က ဘေးချင်းကပ်ရပ်မို့ နှစ်အိမ့်တစ်အိမ်လိုဖြစ်နေတာကြောင့်လည်းပါမည်။ကျနော်တို့မိသားစုက ကျနော်ကျောင်းတက်ကတည်းက အမေရိက ကို ပြောင်းလာကြတော့ ဆိုးလ်မှာ အသိဆိုလို့ jeon တို့သားအဖသာရှိသည်။

အိမ်ရောက်တော့ ဒယ်ဒီက နွေးနွေးထွေးထွေးရှိလှပြီး လွမ်းနေခဲ့ရတဲ့ အစားအစာတွေကိုလည်းချက်ကျွေးသေးသည်။

ဒယ်ဒီက ကျနော့်ကိုဆို tae လေး tae လေးနှင့် အချစ်ပိုလှသည်။

ဒယ်ဒီ့အိမ်မှာ တစ်ရက်လောက်ပဲနားပြီး jeon ကိုတွေ့ချင်နေပြီမို့ ဘူဆန်ကိုချက်ချင်းလိုက်လာခဲ့သည်။

ကျနော့်ရဲ့စာရေးဆရာလေးက ဘူဆန်မှာကိုး။

ဆိုးလ်နဲ့ဘူဆန်က သိပ်တော့မဝေးပေမယ့် ကျနော်ရောက်ချင်စိတ်တွေများနေလို့လားမသိ ခရီးကသိပ်ရှည်နေသလို။

အမိမြေကိုပြန်ရောက်လာပြီး အမိမြေရဲ့ သဘာဝအလှတွေကို ခံစားလိုက်ရတော့ စိတ်ကိုကြည်လင်လန်းဆန်းသွားသည်။

jeon နဲ့ ကျနော်နဲ့က ငယ်ငယ်ကတည်းက ခင်လာတဲ့ အိမ်နီးနားချင်းတွေဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် သိပ်လည်းခင်တွယ်ကြသလို စာစာနာနာလည်းရှိခဲ့ကြသည်။

နောက်တော့ ကျနော်က ဆေးကျောင်းတက်ဖို့ အမေရိကကို မိသားစုနဲ့အတူပြောင်းသွားရတော့ ကျနော်တို့အိမ်လေးက သော့ပိတ်ရက်လေးဖြစ်နေခဲ့တာ မနေ့က ကျနော်မပြန်လာခင်အချိန်ထိပေါ့။

Ghost...♥Where stories live. Discover now