"နေမကောင်းတဲ့ကောင်လေးက ဘယ်သူလဲ jeon"
ကျနော် ဘယ်လိုပြန်ပြောရမလဲတကယ်မသိပါ။ကျနော်က အမှန်တိုင်းပဲ ဝိညဉ်ပါလို့ ပြောရင်လည်း ယောင်းကယုံမှာမဟုတ်တာ သိနေသည်။ ကျနော် ဘယ်လိုပြန်ပြောရမလဲ။
"ကိုယ်အမှန်တိုင်းပြောရင် ယောင်းကယုံမှာလား"
တစ်ဖက်မှယောင်းက ခေတ္တမျှတိတ်ဆိတ်သွားသည်။
"ငါမင်းကိုဘယ်တုန်းက မယုံခဲ့လို့လည်း jeon ရာ"
ဟုတ်တယ်။ယောင်းကကျနော့်ကိုဆိုအမြဲယုံကြည်သည်။ယောင်းကိုတော့အမှန်တိုင်းပဲပြောပြလိုက်တော့မည်။
"တကယ်တော့ ကိုယ်အခု ဘူဆန်ရောက်နေတာ။ အပ်ရမယ့် စာမူတွေအတွက် လာရင်းပေါ့။ အဲ့တာ ဒယ်ဒီက ကိုယ့်ကို ခြံတစ်ခြံဝယ်ပေးထါးတယ်။ ကိုယ်အခု အဲ့မှာနေနေတာ"
တစ်ခုခုဆို အရင်အသိပေးမှ ကြိုက်တဲ့ ယောင်းက အခုကျနော့်ကိုများ စိတ်ဆိုးသွားမလားပဲ။
" ဘူဆန်သွားတာတောင်မပြောဘူးနော် jeon"
ထင်တဲ့အတိုင်းပါပဲ။ ယောင်းအသံက ခပ်မာမာရယ်။
"မဟုတ်ဘူးလေကွာ ဒီကြားထဲယောင်းနဲ့လည်းဖုန်းမဆက်ဖြစ်တော့ မပြောဖြစ်တာပါ"
"ထားပါတော့ နေမကောင်းတဲ့ကောင်လေးကဘယ်သူလဲပြောလို့ရပြီလား"
"ကိုယ်ဆက်ပြောမယ်။ အဲ့တာ ကိုယ်အဲ့အိမ်ရောက်တော့ အိမ်လေးက သာသာယာယာရှိပြီး ကိုယ်စာရေးဖို့ကွက်တိပဲ။ ဒါပေမယ့် အိမ်မှာက လူမဟုတ်တဲ့ ဟာလေးတွေရောက်နေတယ်"
"ဘယ်လို jeon။လူမဟုတ်တော့ ဘာလဲ jeon ရ။မရှင်းမရှင်းနဲ့"
"ဟုတ်တယ်ယောင်း ဝိညဉ်လေးတွေရှိနေတယ်"
"ဝိညဉ်?"
ယောင်းဘက်မှတိတ်ဆိတ်သွားပြီး မကြာ အားရပါးရ ရယ်လာသောသူ။
"ဟား" jeon ရာ အကောင်းမှတ်လို့နားထောင်နေတာ လူကိုလာစနေတာပဲ"
"မဟုတ်ဘူး! ကိုယ်မစဘူး ကိုယ်အတည်ပြောနေတာ"
"မရီရဘူးနော် jeon လာမနောက်နဲ့"
"ကိုယ်တကယ် မစ.."