"ပါးပါး သတိရလာပြီလား"
"သားငယ်လေး...သားငယ်လေးရော"
အငယ်လေးသတိရလာပြီ ဆိုတဲ့အသံကြားကာ အပျော်လွန်ပြီး သတိလစ်သွားတဲ့ ပါးပါးက အားနည်းလွန်းတာကြောင့် ဆေးတွေပါချိတ်လိုက်ရသည်။
"အငယ်လေး သတိရလာပြီ ပါးပါး"
Yoongi မှာ ကုတင်ထက်လှဲလျောင်းနေတဲ့ jin ကို ဖက်လိုက်ပြီး ငိုယိုကာ ပြောလိုက်သည်။
"သွားမယ်။ သားငယ်လေးဆီသွားမယ်"
တပ်ထားတဲ့ ဆေးပိုက်တွေပါ ချွတ်ကာ အငယ်လေးဆီသွားမယ်ချည်း လုပ်နေတဲ့ ပါးပါးကို မနည်းတားလိုက်ရသည်။
"ပါးပါး အဲ့လိုမရဘူးလေ။ ဆေးက ကုန်တော့မှာပဲ။ ဆေးကုန်သည်ထိ ခနစောင့်ပြီးမှ သွားတွေ့ ကြတာပေါ့။ အငယ်လေးအနားမှာ ဒယ်ဒီရှိတယ်။ စိတ်မပူပါနဲ့"
"ငါ..သားငယ်လေးနဲ့ တွေ့ချင်နေပြီ yoongi။ ဒီဆေးတွေက ပြီးမှချိတ်လို့မရဘူးလား"
"မကြာပါဘူး ပါးပါးကလည်း နည်းနည်းပဲ ကျန်တော့တာကို။ နောက်ထပ် ဆယ့်ငါးမိနစ်လောက်ပဲ"
ဆယ့်ငါးမိနစ်သည် စောင့်နေရမှ ပို၍ကြာနေသလို။ပါးပါးသည် အငယ်လေးဆီ သွားချင်လွန်းတာကြောင့် နာရီကိုတကြည့်ကြည့်နှင့် မပြည့်နိုင်သော ဆယ့်ငါးမိနစ်ကိုပဲ အစိုးမရဖြစ်နေခဲ့သည်။
နောက်ဆုံး ဆယ့်ငါးမိနစ်ကုန်သွားတော့ ဆလိုင်းပုလင်းတွေက ဆေးတွေကုန်သွားခဲ့ကာ ဆလိုင်းပိုက်တွေကို ပါးပါးက ချွတ်ပြစ်လိုက်ရင်း အငယ်လေး အခန်းဆီသို့ ပြေးသွားခဲ့တာ ဖိနပ်ပင်မစီးနိုင်ခဲ့။
လွမ်းနေခဲ့ရတာ ခြောက်နှစ်ကျော်တောင်ရှိပြီလေ။ စကားတွေ တီတီတာတာမပြောရတာလည်း ကြာပြီ။ ပါးပါး သားငယ်လေးကို ပါးပါး လွမ်းလွန်းလှသည်။
ပါးပါး သားငယ်လေးသတိရလာတာတောင် ပါးပါးက ဘေးနားမှာမရှိပေးနိုင်ဘူး။တကယ်ဆို သားငယ်လေးသတိရလာလာချင်း သားငယ်လေးကို ထွေးပွေ့ထားပေးရမှာကို။
သားငယ်လေးရဲ့ အခန်းရှေ့ရောက်တော့ ပိတ်ထားတဲ့ တံခါးကို ဖွင့်ဖို့တောင် မဝံ့မရဲဖြစ်နေခဲ့သည်။အကယ်၍များ အရင်လိုပဲ လဲလျောင်းနေတုန်းဆိုရင် ကျနော်ရင်ကွဲရလိမ့်မည်။ဒါက အိမ်မက်ကြီးဆိုရင်လည်း ကျနော်ရူးသွားရလိမ့်မည်။ အိပ်မက်မဖြစ်ပါစေနဲ့သာ ဆုတောင်းနေရသည်။