{^-^} Part [21]

1.1K 110 3
                                    

"အဲ့လိုမလုပ်ပါနဲ့...jimin နိုးလာပါဦး"

Jungkook ဘဝတွင် နှောင်တအရဆုံးနှင့် ပြန်မတွေးနိုင်လောက်အောင် နာကျင်ရလွန်းတဲ့ အချိန်အခိုက်အတန့်များဖြစ်ခဲ့သည်။

Jimin အန်ထွက်လာတဲ့ သွေးတွေက ကျနော့် ခန္ဓာကိုယ်တွင် မြင်ရဆိုးစွာ ပေကျံနေခဲ့ပြီး မလှုပ်မရပ် ငြိမ်သက်စွာ အေးစက်လာတဲ့ ခန္ဓာကိုယ်လေးကြောင့် ခေါင်းနပန်းတွေ ကြီးသွားရသည်။

"ဟင့်အင်း..အဲ့လိုမဖြစ်ရဘူးလေ!jimin ကိုယ်ခေါ်နေတာ ကြားလား! jimin!"

သွားပြီ။ ကျနော်မှားသွားပြီ။ ကျနော်သိပ်ချစ်တဲ့လူအပေါ်ကိုမှ ကျနော်က ရက်စက်ရာကျသွားခဲ့သည်။

Ji..jimin က တကယ်ပဲ ပြန်မနိုးလာတော့ဘူးလား? အဲ့လိုတော့ မလုပ်ပါနဲ့။ ကျနော့်မှာ ကျနော့်မှာ jimin ပဲရှိတာ။ ကျနော်...ကျနော်ကသိပ်ချစ်တာလေ။ ဒီအတိုင်းကြီးတော့ ကျနော့်ကို ထားသွားခွင့်မပြုနိုင်ဘူး။

"jimin! ကိုယ်ခေါ်နေတာကိုကြားတာ သိတယ်နော်။ထလာလိုက်။ အခုချက်ချင်းထလာပြီး ကိုယ့်ကို ဆဲဆိုရိုက်နှက်လည်းရတယ်။ ဒီလိုကြီး...ဒီလိုကြီးတော့ အပြစ်မပေးပါနဲ့ကွာ"

Jungkook စိတ်တွေပူထူနေခဲ့ပြီး အခုချိန်မှာ သူသိတာက jimin နိုးလာဖို့ပဲ။

Park jimin က အရမ်းဆိုးတာပဲ။ ကိုယ့်ကို ဒီလိုကြီး ထားပစ်ခဲ့စရာလား။ကိုယ့်ကို သင်ခန်းစာပေးတါဆိုလည်း ဒီလောက်ဆိုရင် ကိုယ်နောင်တရနေပြီမို့ ဆက်ပြီး သရုပ်ဆောင်မနေပါတော့နဲ့။

"ကိုယ့်ခလေး...ကိုယ့်ခလေးက ခန္ဓာကိုယ်တွေက အေးစက်နေပြီ။ ဘာလို့...ဘာလို့ကိုယ့်ကိုယ်ကို ဂရုမစိုက်ရတာလဲ။ သွေး..သွေးတွေလည်း အများကြီးပဲ။"

jungkook သည် ရင်ခွင်ထဲရှိ ငြိမ်သက်နေတဲ့ကောင်လေးအား ထွေးပွေ့ထားကာ မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း နှိုးထမလာသူကို အပြစ်ကလေးတင်မိသည်။

သိပ်ချစ်တာပါ။ jimin နဲ့ ယောင်းမှာ ယောင်းကိုရွေးချယ်ခဲ့တာလည်း မဟုတ်ရပါဘူး။ သွေးတွေနဲ့ ယောင်းရဲ့ပုံစံကို မြင်ပြီး နာကျင်စရာအတိတ်ဆိုးတွေလို ထပ်ဖြစ်မှာစိုးလို့၊ အစကတည်းက ယောင်းနဲ့ဆို အမြဲရစ်တတ်တဲ့ကလေးက သဝန်တိုပြီး ယောင်းကို လုပ်လိုက်တယ်ထင်လို့ ကလေးကိုအပြစ်ပြောမိတာပါ။ ကိုယ်က ဘာဖြစ်လို့ ယောင်းကိုရွေးချယ်ရမှာလဲ။ ကိုယ်ချစ်တာက မင်းလေ jimin ဆိုတဲ့ ဝိညဉ်လေးကိုပဲ ကိုယ်က ချစ်တာ။

Ghost...♥Where stories live. Discover now