{^-^} Part [4]

1.3K 124 2
                                    

"ကိုယ်စောင့်နေရတာကြာသွားပြီ baby "

Mars ရဲ့နေထိုင်ရာဆီရောက်တိုင်း ဘယ်တော့မှ မပျော်ရွှင်ခဲ့ပါ။ အတင်းအကြပ်တွေကိုမုန်းလွန်းလို့ Mars ကိုပါ တစ်ဖြည်းဖြည်းမုန်းလာရသည်။

"ဘာပြောမလို့လဲ Mars ကျနော်မအားဘူး"

ပြောရရင် သူ့အနားမှာ တစ်စက္ကန့်လေးတောင် မနေချင်။ တစ်ယောက်ယောက်ကိုမုန်းပြီဆိုရင် အဲ့လူရဲ့မျက်နှာကိုလှည့်မကြည့်ချင်လောက်အောင်ကို ခါးခါးသီးသီးဖြစ်တတ်သည်။ ကျနော်လည်း Mars ကိုထိုနည်းလည်းကောင်းပင်။

"baby က ဘာလုပ်စရာတွေရှိနေလို့လဲ။ ဟိုအိမ်ကြီးမှာလဲ အားနေတာကို"

ဟုတ်တာပေါ့။ အားတာမှ လေလွင့်နေတာပဲ။ ခင်များနဲ့အတူမရှိချင်လို့ဆိုတာတော့ မပြောဖြစ်လိုက်ပါ။ Mars ဒေါသထွက်ရင် ကျနော်လည်းကြောက်တာမို့။

"အိမ်ကို လူသစ်တွေရောက်နေတယ်မလား။ မင်းနဲ့လည်း စကားပြောလို့ရတယ်လေ"

"ခင်များ ဘယ်လိုသိ."

မေ့လိုက်တာ။ Mars ကဘယ်သူမို့လို့လဲ။ သူ့လူတွေလွှတ်ထားမှာပဲလေ။ သိတာအဆန်းကြီးတော့မဟုတ်။

"နောက်ဆိုအဲ့လိုတွေ နောက်ယောင်မခံခိုင်းပါနဲ့။ ကျနော့် personal မို့ လွတ်လွတ်လပ်လပ်တော့နေချင်တယ်"

"ကိုယ် baby ကိုစိတ်မချတော့ဘူး"

လူကို သူ့အရုပ်လိုလို အပိုင်တွေတွက်ပြီးပြောနေတော့ မြိုသိပ်ထားတဲ့ စိတ်ခံစားချက်တွေသည် အတိုင်းအဆမဲ့စွာ ပွင့်ထွက်လာတော့သည်။

"နေပါဦး ခင်များနဲ့ ကျနော်နဲ့က ရည်းစားတွေလဲမဟုတ်ဘူးနော်။ စိတ်မချစရာအကြောင်းလည်းမရှိဘူး။ ကျနော်ခင်များကို ငြင်းပြီးပြီ Mars။ ကျနော့်ကိုလွတ်လပ်ခွင့်ပေးပါတော့ "

"ပြီးတော့ ဒီခြူသံတွေ ခင်များခေါ်တိုင်းရောက်မလာရင် ဖြစ်တတ်တဲ့ သေလောက်အောင်ကိုက်တဲ့ ခေါင်းကိုက်ဝေဒနာတွေ အဲ့တာတွေလည်း ကျနော်စိတ်ကုန်နေပြီ"

"အခုလို ကိုယ့်စိတ်ကိုယ်မပိုင်နေတာကြီးကိုလည်း ငြီးငွေ့နေပြီ။ ကျနော် ခင်များကို မချစ်ဘူး။ ဒါကျနော်ရဲ့အမှန်တရားပဲ။ လက်လျော့ပေးပါ Mars "

Ghost...♥Where stories live. Discover now