{^-^} Part [23]

1.1K 98 5
                                    

ကျနော်က ဒီကုတင်ပေါ်မှာ ခြောက်နှစ်ကျော်တောင် လှဲနေခဲ့ရတယ်ဆိုတာ ပါးပါးပြောပြ၍ ကျနော်သိလိုက်ရသည်။

accident ဖြစ်တုန်းက မြင်လိုက်ရတဲ့လူတွေနဲ့၊ ခံစားလိုက်ရတဲ့ နာကျင်မှုတွေကိုတော့ ခုချိန်ထိမှတ်မိသေးသည်။အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်သွားလဲမသိတော့။ ကျနော်နိုးလာတော့ အရမ်းဝမ်းနည်းပြီး ငိုချင်နေခဲ့တာ။ဘာကြောင့်များလဲ?

"သားငယ်လေး ဆေးသောက်ရမယ်"

"ဟာ...ပါးပါးအဲ့ဆေးကြီးက ခါးတယ်"

သတိရလာပြီးကတည်းက သောက်လိုက်ရတဲ့ဆေးတွေဆိုသည်မှာ အစုံအစုံ။ ဆေးဆိုတဲ့အသံကြားတာနဲ့တင် အန်ချင်လာသည်။ ဆေးကိုကျနော် အသံကိုမကြားချင်လောက်အောင် မုန်းနေမိပြီ။

"သားငယ်လေး ပါးပါးမဆူချင်ဘူးနော်။ ဆေးသောက်မှ ကျန်းမာရေးကောင်းမှာ။ ကျန်းမာရေးကောင်းမှ အိမ်ပြန်လို့ရမှာပေါ့"

"ပါးပါးကလည်း အဲ့အရသာကြီးမကြိုက်လို့ပါ"

"တော်ပြီ ငါအကြီးကောင်ကိုပဲ တိုက်ခိုင်းတော့မယ်"

"ဟာ...ပါးပါး!!"

ကိုကို့​ကိုတော့ ကြောက်သည်။ ကိုကိုက မရရတဲ့နည်းနဲ့ ဆေးကို ရအောင်တိုက်တာ။ဘယ်လိုမှ တိုက်မရရင် ကျနော်သောက်တဲ့ ဆန်ပြုတ်ထဲ ကျနော်မသိအောင် ဆေးကိုကြိတ်ထည့်သေးတာ။ခါးသက်သက် အရသာကြီးကြောင့် ဆေးပါမှန်းကျနော်သိပေမယ့် ဆန်ပြုတ်ကိုတော့ ကိုကိုက ကုန်အောင်သောက်ခိုင်းလို့ အောင့်အီးသည်းခံကာ အကုန်သောက်ရသည်။ကိုကိုက အကျင့်မကောင်းဘူး။

ထွက်သွားတဲ့ ပါးပါးကို မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း jimin ငိုမဲ့မဲ့ ဖြစ်သွားသည်။ ကိုကိုကလာပြီး ဆေးတိုက်တော့မှာ။

ချောက်ကနဲတံခါးဖွင့်သံနှင့်အတူ ဝင်လာတဲ့လူကို ကိုကိုလို့ထင်လိုက်ပေမယ့် ကိုလတ်ဖြစ်နေခဲ့သည်။

"ကို...ကိုလတ်"

ကိုလတ်ကို မြင်တော့ jimin လန့်သွားခဲ့သည်။ဘာလို့ဆို accident ဖြစ်တဲ့နေ့က ကျနော့်ကို မသေမချင်းသေအောင် ရိုက်သတ်လိုက်ဆိုပြီး ပြောနေခဲ့တာ ကိုလတ်ကိုယ်တိုင်ပဲမို့လို့။ကိုလတ်က လုပ်ရက်လိုက်တာ။

Ghost...♥Where stories live. Discover now