{^-^} Part [20]

1.1K 103 4
                                    

စိတ်ပျက်လိုက်တာ?jungkook က ကျနော့်ကို စိတ်ပျက်သည်တဲ့လား။ကျနော် မငိုပါဘဲ မျက်ရည်တွေ ကျလာခဲ့သည်။

ကျနော် အားကိုးတကြီးမျှော်နေခဲ့တာ ကျနော့်ကို ဒီလိုဆက်ဆံဖို့အတွက်မှမဟုတ်ဘဲ။ကျနော့်ကို ကာကွယ်ပေးပြီး ပင်ပန်းလွန်းတာကြောင့် jungkook ရင်ခွင်ထဲ ပြိုလဲပစ်လိုက်ဖို့ပဲ ကျနော်တွေးထားတာ။

ခင်များကို ယုံကြည်လို့၊ ခင်များကို အားကိုးလို့ ကျနော်ဒုက္ခရောက်နေတဲ့ တစ်ချိန်လုံး ခင်များကိုပဲ တမ်းတနေခဲ့တာ။

ခင်များပြောတဲ့ ချစ်တယ်ဆိုတာကြီးကို ယုံပြီး ခနလေးပဲဖြစ်ဖြစ် ခင်များရင်ခွင်ထဲ ပြိုလဲချင်ခဲ့တာ။

ကျနော် အရမ်းမှားသွားတာပဲ။ ခင်များကို အားကိုးတကြီး မျှော်လင့်နေမိတာက ကျနော့်အတွက် အကြီးဆုံးမှားသွားတဲ့ အမှားပဲ။

တကယ်တော့ ခင်များက သူငယ်ချင်းလောက်ပဲ လူထင်တဲ့ လူ။ တစ်ခြားလူဘယ်လိုပဲ ဖြစ်နေဖြစ်နေ ခင်များသူငယ်ချင်း ဘာမှမဖြစ်ရင်ပြီးရော။ ခင်များသူငယ်ချင်းသာ တစ်ခုခုဖြစ်နေရင် တစ်ခြားလူတွေ ဘာဖြစ်နေဖြစ်နေ ခင်များက လစ်လျူရှုမယ့် လူစားမျိုး။

သူငယ်ချင်းလောက်ပဲ လူထင်နေတဲ့ခင်များကို ကျနော်မှာ ပြောစရာစကားမရှိတော့ဘူး jungkook။

စိတ်ချ။ ကျနော့်ကို မလိုအပ်တဲ့လူတွေရှေ့မှာ ကျနော်ကလည်း ဘယ်တော့မှပြိုလဲပြမှာမဟုတ်ဘူး။

Jimin ခေါင်းတွေ ပူထူနေကာ ပြောလိုက်ချင်တာတွေ၊ မေးလိုက်ချင်တာတွေ ရှိပေမယ့် တစ်လုံးမှ ထွက်မလာတော့ဘဲ သူငယ်ချင်းမေ့မျောနေလို့ အသည်းအသန်ဖြစ်နေတဲ့လူကိုပဲ တွေတွေလေးစိုက်ကြည့်နေမိတော့သည်။

"ယောင်း...ခနလေးနော်။ကိုယ် ဆေးရုံ..ဆေးရုံကားခေါ်ထားတယ်။"

ကျနော့်ရင်ဘက်ကြီးတစ်ခုလုံး အောင့်သက်သွားရသည်။ jungkook က အသံတွေပါတုန်နေတာပဲ။

တရားကျဖို့ကောင်းလိုက်တာ။ တကယ်တော့ ခုနကတည်းက ကျနော်ထွက်ပြေးဖို့မကြိုးစားဘဲ ပန်းအိုးနဲ့လည်း မပေါက်ဘဲနေခဲ့ရမှာ။

Ghost...♥Where stories live. Discover now