{^-^} Part [27]

1.2K 102 5
                                    

ကျနော်ကပဲ အမူးလွန်နေတာလား။ဒါမှမဟုတ် jimin ကို သတိရလွန်ပြီး ရူးနေတော့တာလားပင် မပြောတတ်တော့။ ခန္ဓာကိုယ်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးငယ်လေးတွေ မြင်ရင် jimin လို့ပဲ စိတ်ကထင်နေမိသည်။အဲ့ဒါကြီးကတော့ မဟုတ်သေးဘူးမလား။

အခုလည်း သန့်စင်ခန်းထဲက ဘေစင်မှာ လက်ဆေးနေတဲ့ကောင်လေးကို အနောက်ကနေကြည့်ပြီး jimin လို့ထင်ပြန်ပြီ။ဒီလို ခန္ဓာကိုယ်နဲ့ ဒီလို type မျိုးတွေမြင်ရင် jimin ဆိုပြီး စိတ်ကတစ်ထစ်ချယုံကြည်နေသည်။ ကျနော် သူ့ကို တွေ့ချင်လွန်းအားကြီးလို့ အမြင်တွေပါ မှားကုန်တာထင်တယ်။ဟူး...လွမ်းလိုက်တာ jiminရာ..။

တစ်ခါလာလည်း လူမှား နောက်တစ်ခါလာလည်းလူမှားဆိုတော့ jeon ခဗျာ သေချာတောင် သွားမကြည့်ရဲဘဲ အနောက်ကနေ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရှာသည်။ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆံပင်ပုံစံကတော့ jimin နဲ့ တစ်ပုံစံတည်းပဲ။ ခေါင်းငုံ့နေကာ လက်ရေဆေးနေသည်မို့ မျက်နှာကိုတော့ သေချာမမြင်ရ။

ပိုပြီးသေချာစွာ အတည်ပြုနိုင်အောင် ထိုကောင်လေးရဲ့ ဘေးမှာရပ်လိုက်ပြီး ရေဖွင့်ကာ လက်ရေဆေးနေလိုက်သည်။ မျက်နှာတွေပါသစ်နေသည်ထင်တယ်။ငုံ့ထားတဲ့ခေါင်းက ဖော်မလာတော့။

ဒီတစ်ခါတော့ မလွှဲပါရစေနဲ့။ jimin ဟုတ်တယ်မလား။ jimin မလားလို့...။ ဒီတစ်ခါသာ ဆက်လွှဲနေမယ်ဆို ကျနော် jimin ကိုရှာဖို့ အားအင်တော်တော် ကုန်သွားလိမ့်မယ်။ကျေးဇူးပြုပြီး ဒီတစ်ခေါက်​တော့ jimin ဖြစ်နေပေးပါ။

လက်က ဆပ်ပြာတွေပြောင်နေပေမယ့် jeon က လက်ကိုပွတ်တိုက်ဆေးကြောနေကာ ထိုကောင်လေး ခေါင်မော့လာမယ့်အချိန်ကို စောင့်နေခဲ့သည်။ခနကြာတော့ ဆံပင်တွေကို သပ်တင်လိုက်ကာ ရေတွေကိုခါထုတ်လိုက်ပြီး ထိုကောင်လေးက ခေါင်းမော့လာခဲ့သည်။

ကျနော့်ရင်ဘက်ထဲ ဒိတ်ခနဲ..။
တကယ်...တကယ်ကြီး jimin ပဲ။
ဘာမှပြောင်းလဲသွားတာမရှိဘူး။
ကျနော်အရမ်းသဘောကျရတဲ့ နှုတ်ခမ်းဖူးဖူးတွေနဲ့ မျက်အိမ်ကျဥ်းကျဥ်းတွေ..။ ကျနော် သိပ်မှတ်မိတာပေါ့..။

ရုတ်တရက် မျက်ရည်တွေဝိုင်းလာခဲ့သည်။ ကျနော်ပြောသားပဲ ကျနော်ပြန်ရှာတွေ့မှာပါလို့။ ရောက်ကတည်းက ကျနော်တစ်ရက်မှမနားပဲ ဆက်လိုက်လိုက်ရှာနေခဲ့တာ။ တွေ့မယ့်တွေ့တော့လည်း Moon မှာမှ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေတယ်။

Ghost...♥Where stories live. Discover now